Main menu

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) တွင်စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးက သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောသည့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၁၇ ရက်နေ့တွင် သန်လျင်မြို့နယ် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်၏ ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်ကျော်လွင်နှင့်တကွ အရာထမ်းအမှုထမ်းများ၊ ဆရာဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ စုစုပေါင်း ၅၂၀ ဦးတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားစတင်ချိန်တွင် တက္ကသိုလ်၏ ဒုတိယပါမောက္ခချုပ်(သင်ကြား) ဖြစ်သူ ဒေါ်မြင့်မြင့်စိန်က အဖွင့်စကားပြောကြားခဲ့ပါသည်။ ထို့နောက်စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်မှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဌာနမိတ်ဆက်၊ စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ရွက်ချက်များ၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံနှင့် စားသုံးသူအခွင့်အရေး ၈ ချက်နှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါခိုင်က စားသုံးသူအကာအကွယ်ပေးရေးဥပဒေ၊ စားသုံးသူလိုက်နာရမည့်တာဝန်များနှင့် တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ စားသုံးသူတိုင်ကြားရေးနှင့် ဖြေရှင်းရေးကဏ္ဍ၊ တိုင်ကြားနိုင်သည့်နည်းလမ်းများနှင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း၊ ဝယ်ယူခြင်းဆိုင်ရာ သိရှိသင့်သည့် ဆောင်ရန်ရှောင်ရန်အချက်များအား ပြောကြားခဲပါသည်။ ထို့နောက် အခမ်းအနားတက်ရောက်လာကြသူများက သိလိုသည်များကိုမေးမြန်းခဲ့ကြပြီး အခမ်းအနားအောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)