တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ စည်ပင်သာယာစျေးကြီးများရှိ သစ်သီးအရောင်းဆိုင်များ တွင် ပန်းသီး၊ လိမ္မော်သီး၊ ပျားလိမ္မော်သီး၊ စပျစ်သီး စသဖြင့် နေ့စဉ်လူအများအပြားစည်ကားသိုက်မြိုက် စွာ ဝယ်ယူလျက်ရှိပါသည်။ ထိုသီးနှံများအနက် လိမ္မော်သီးသည်လည်း နေ့စဉ်အရောင်းအဝယ်ဖြစ်ထွန်း လျက်ရှိကြောင်းသိရှိရပါသည်။
လိမ္မော်သီးသည် ရှောက်မျိုးနွယ်ပင်ဖြစ်ပြီး အရည်ရွမ်းသောအသီးတစ်မျိူးဖြစ်သည်။ အလုံးသေး ပြီး အခွံပါးသောအသီးဖြစ်သည့်အတွက် အရည်ညှစ်ထုတ်၍ သောက်သုံးနိုင်ပြီး ရေခဲသေတ္တာထဲတွင် ထည့်၍စားသုံးမည်ဆိုပါက အရသာပိုမိုကောင်းမွန်ပါသည်။ ထားဝယ်မြို့စျေးကြီးများရှိ သစ်သီးအရောင်း ဆိုင်များရှိ စျေးနှုန်းများအရ အလုံးကြီးတစ်လုံးလျှင် ကျပ် (၈၀၀) မှ (၁၀၀၀) ကျပ်အထိ စျေးရရှိနေ ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)