Main menu

စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးက တောင်ပိုင်းခရိုင်ရှိ ပဲတီစိမ်းစိုက်တောင်သူများနှင့်ကုန်သည်/ ပွဲရုံပိုင်ရှင်များအားတွေ့ဆုံဆွေးနွေး

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်သည် တောင်ပိုင်းခရိုင်ရှိ ပဲတီစိမ်းစိုက်တောင်သူများအား ဇန်နဝါရီလ ၁၇ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါသည်။ ပဲမျိုးစုံကို အိန္ဒိယနိုင်ငံမှ ဝယ်လိုအားကောင်းပြီး ဈေးကွက်ရှိသော်လည်း ပြည်ပဝယ်လက်များက နိုင်ငံအတွင်း စိုက်ကွင်းထဲထိလာရောက်၍ ဈေးနှိမ်ဝယ်ယူရေးမရှိစေရေး မူဘောင်အတွင်းမှ ထိန်းကြောင်းဆောင်ရွက်ရန် တွေ့ဆုံခြင်းဖြစ်ကြောင်း သိရပါသည်။ ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်တွင် ပဲတီစိမ်း(ရွှေဝါ) အများဆုံးစိုက်ပျိုးပြီး တရုတ်နိုင်ငံ၊ ဥရောပနိုင်ငံများနှင့် အာဆီယံနိုင်ငံများသို့ တင်ပို့လျက်ရှိရာ ယခုရာသီတွင် ပဲတီစိမ်း(ရွှေဝါ) စိုက်ပျိုးဆဲကာလဖြစ်ပြီး ၂၀၂၅ ခုနှစ်ဖေဖော်ဝါရီလအလည်မှစတင်၍ ပဲထွက်ရှိမည်ဖြစ်ကြောင်း သိရပါသည်။ တွေ့ဆုံဆွေးနွေးပွဲကို စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်၊ တောင်ပိုင်ခရိုင်ဦးစီးမှူး ဦးအောင်စိုးမိုး၊ တောင်သူ ၆ ဦးနှင့် ကုန်သည်/ ပွဲရုံ ပိုင်ရှင် ၃ ဦး တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)