Main menu

မအူပင်မြို့နယ်၌ ကိုင်း ခရမ်းချဉ်သီးစိုက်ပျိုး၍ ဈေးကောင်းရ

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်အတွင်းရှိ လယ်ကိုင်းကျေးရွာ၊ မလပ်တိုကျေးရွာ၊ ထနီး  ကျေးရွာများတွင် ကိုင်းခရမ်းချဉ်သီးနှံနှင့် ပြောင်းသီးနှံ အခြားသော ဟင်းသီး ဟင်းရွက်သီးနှံစုံ ကို အဓိကစိုက်ပျိုးလျက်ရှိပြီး ယခုနှစ်တွင် ကိုင်းခရမ်းချဉ်သီးနှံကို စိုက်ဧက ၁၂ ဧက ကျော် စိုက်ပျိုးထားရှိကြောင်း သိရသည်။

          မျိုးအနေဖြင့် ထိုင်ဝါ၊ ဆင်ခွာ  ခရမ်းချဉ်သီးမျိုးကို တစ်ထုပ်လျှင် ၁၅၀၀၀ ကျပ်နှုန်းဖြင့်  ဝယ်ယူ၍ ၁ဧကလျှင် မျိုးထုပ် ၆ ထုပ်ခန့် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် မျိုးစေ့များကို ပျိုးအိတ်ဖြင့် ပျိုးကာ ပျိုးပင် ၁၅ ရက်သားအရွယ်တွင် မြေချ၍ မြေပြင်ပေါ်တွင် စိုက်ပျိုးကျဲစနစ်ဖြင့် စိုက်ပျိုးကြောင်း၊  စက်တင်ဘာလတွင် စတင်စိုက်ပျိုးပြီး ဒီဇင်ဘာလတွင် လှိုင်လှိုင်ထွက် ပေါ်လျက်ရှိကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင်  တစ်ဧကလျှင် ငွေကျပ် ၂၀၀၀၀၀၀ ခန့် ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ခရမ်းချဉ်သီး ပိဿာချိန် ၃၀၀၀ ခန့် ထွက်ရှိကြောင်း သိရသည်။ဈေးနှုန်းအနေဖြင့် ဇန်နဝါရီလဆန်းတွင် ခရမ်းချဉ်သီး လက်ကားဈေး တစ်ပိဿာလျှင် ငွေကျပ် ၁၀၀၀ ဖြင့် ရောင်းချရပြီး ကုန်စိမ်းသည်အနေဖြင့် လက်လီဈေး ၁ပိဿာ ၁၅၀၀ကျပ်ဖြင့် ရောင်းချကြသည်။ စိုက်ပျိုးသူအနေဖြင့် တစ်ဧကအကျိုးအမြတ်အနေဖြင့် ငွေကျပ် ၁၀၀၀၀၀၀ ခန့် ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် မအူပင်မြို့နှင့် ရန်ကုန်မြို့သို့ အဓိက တင်ပို့ရောင်းချကြပြီး ခရမ်းချဉ်သီး  ထွက်ပေါ်ချိန်တွင် ဈေးနှုန်းကောင်းမွန်မှုကြောင့် အကျိုးအမြတ်များ ရရှိကြောင်း သိရသည်။

DOCA (ဧရာဝတီ)