Main menu

ညောင်တုန်းမြို့နယ်တွင် စိုက်ပျိုး နေသော သခွားသီးနှံ စိုက်ပျိုးသူများ အဆင်ပြေ

Powered by Drupal

ဧရာဝတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ သောင်းတန်းကျေးရွာ၊ ပေစိကျေးရွာ၊ ရှမ်းစု ကျေးရွာများ တွင် သီးနှံမျိုးစုံ စီးပွားဖြစ်စိုက်ပျိုးသူ များပြားပြီး သခွားသီးနှံကို နှစ်စဉ်စိုက်ပျိုး တိုင်ထောင် စနစ်ဖြင့် စိုက်ပျိုးလျှက် ရှိသည်။  ဟင်းသီးဟင်းရွက်စိုက်ဧက ၁၂၅ ဧကရှိပြီး သခွား  စိုက်ဧက ၂၀ ခန့် စိုက်ပျိုးကြောင်း သိရသည်။

          မျိုးအနေဖြင့် (1181) မျိုးကို စိုက်ပျိုးပြီး ယခု စိုက်ဧက ၀.၅၀ဧကအား သခွားမျိုးဈေး တစ်ထုတ်ကို ငွေကျပ် ၁၁၀၀၀/-ဖြင့် ဝယ်ယူစိုက်ပျိုးရသည်။  စိုက်ခင်း ဧက ဝက်ဖြစ်သော (၀.၅၀)ဧကကို မျိုးထုတ် ၁၀ထုတ်စိုက်ပျိုးသည်။  ဒီဇင်ဘာလ တွင် စိုက်ပျိုးပြီး ဇန်နဝါရီလတွင် ထွက်ရှိသောကြောင့် ၁လခွဲသက်တမ်းတွင် သီးနှံထွက်ရှိသည်။ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ် အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ၊ ထွန်ယက်ခ၊ ရေတင်ခ အပါအဝင်  ဧကဝက်တွင်  ငွေကျပ် ၃၀၀၀၀၀ ဝန်းကျင်ခန့် ကုန်ကျကြောင်း၊ အထွက်နှုန်း အနေဖြင့် အလုံးရေ ၃၀၀၀ခန့် ထွက်ရှိကြောင်း သိရသည်။

          ဈေးနှုန်းအနေဖြင့် ဇန်နဝါရီလတွင် လက်ကားဈေး သခွားအလုံး ၁၀၀ကို ငွေကျပ် ၂၀၀၀၀ ဖြင့် ရောင်းချရကြောင်း၊  ယခု စိုက်ခင်း ဧကဝက်တွင် ငွေကျပ် ၆ ၀၀၀ ၀၀၀ ရရှိ၍ ငွေကျပ် ၃၀၀ ၀၀၀ ခန့် အကျိုးအမြတ်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ရန်ကုန်မြို့သို့ အဓီက တင်ပို့ရောင်းချသည်။  ရန်ကုန်မှ အခြားနယ်မြေများသို့လည်းတင်ပို့ကြောင်း သိရသည်။ သခွားသီးနှံသည် ကုန်ကျ စရိတ် သက်သာပြီး အကျိုး အမြတ်များ ပိုမိုရရှိသောကြောင့် နှစ်စဉ်တိုးချဲ့ စိုက်ပျိုး လျက်ရှိကြောင်းနှင့် မိုးသီးနှံ ဆောင်သီးနှံအဖြစ်လည်း တစ်နှစ်ကို ၂ကြိမ် သို့ မဟုတ် ၃ကြိမ်စိုက် ပျိုးကြောင်း စိုက်ပျိုးသူ ဒေါ်ကြင်မြထံမှ သိရသည်။

DOCA (ဧရာဝတီ)