Main menu

တင်သွင်းမှုလျှော့ချရန်အတွက် ပြည်တွင်း LPG လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အရေးပါကြောင်း အင်ဒိုနီးရှားတာဝန်ရှိသူပြောကြား

Powered by Drupal

          အင်ဒိုနီးရှားနိုင်ငံ စွမ်းအင်နှင့်သတ္ထုတွင်းထွက်ပစ္စည်းဝန်ကြီး Bahlil Lahadalia က တင်သွင်းမှုလျှော့ချရန်အတွက် ပြည်တွင်း Liquefied petroleum gas (LPG) လုပ်ငန်းနယ်ပယ် ဖွံ့ဖြိုးတိုးတက်ရန် အရေးပါကြောင်း ဇန်နဝါရီလ ၁၇ ရက်နေ့က ပြောကြားခဲ့ပါသည်။ ဝန်ကြီးက ပြည်သူလူထု၏လိုအပ်ချက်ကိုဖြည့်စည်းရန်အတွက ၎င်းတို့သည် C3 နှင့် C4 ဂတ်စ် အသုံးပြု နိုင်မည့် LPG စက်မှုလုပ်ငန်းတည်ထောင်ရန်နှင့် အိမ်ထောင်စုဂတ်စ်ကွန်ယက်အတွက် တွန်းအား ပေးဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ ဝန်ကြီး၏အဆိုအရ ပြည်တွင်း LPG သုံးစွဲမှုသည် တစ်နှစ်လျှင် တန်ချိန် ၈ သန်းရှိပြီး ပြည်တွင်းထုတ်လုပ်နိုင်မှုမှာ တန်ချိန် ၁.၄ သန်း သာ ရှိသဖြင့် နှစ်စဉ် တန်ချိန် ၆ သန်းမှ ၇ သန်းကြား တင်သွင်းနေရကြောင်း သိရပါသည်။ ထို့ကြောင့် သမ္မတ Prabowo Subianto က LPG တင်သွင်းမှုလျှော့ချရန် ကြိုးပမ်းအားထုတ်မှု များကို အရှိန်မြှင့်တင်သွားရန် တောင်းဆိုခဲ့ကြောင်း သိရပါသည်။ ထိုခြေလှမ်းသည် နိုင်ငံ၏ စီးပွားရေးမျှခြေ ထိန်းသိမ်းရန်နှင့် ကုန်သွယ်ရေးမျှခြေနှင့် နိုင်ငံခြားငွေလိုငွေပြမှုကို လျှော့ချရာ တွင်အရေးပါကြောင်း သိရပါသည်။ လတ်တလောတွင် အင်ဒိုနီးရှားသည် LPG ပါဝင်သော ဂတ်စ် နှင့် ရေနံဝယ်ယူရန် နှစ်စဉ် ရူပီး ၄၅၀ ထရီလီယံသုံးစွဲမှုနှင့်အတူ LPG တင်သွင်းမှုအတွက် နိုင်ငံခြားငွေများကို သိသာစွာသုံးစွဲနေရကြောင်း သိရပါသည်။ ထိုပမာဏသည် နိုင်ငံ၏ ကုန်သွယ် ရေးမျှခြေနှင့် ပေးချေမှုများကို တိုက်ရိုက်သက်ရောက်မှုရှိခဲ့ပြီး ထိုဝန်ထုပ်ဝန်ပိုးကို လျှော့ပါး သက်သာစေရန် ပြည်တွင်းလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးသည် မှန်ကန်သောဖြေရှင်းချက် ဖြစ်သည် ဟု ယူဆရကြောင်း သိရပါသည်။ Lahadalia ကလူထုသို့ အစိုးရ၏ဝန်ဆောင်မှု တစ်စိတ်တစ်ပိုင်းဖြစ်သည့် အိမ်ထောင်စုဂတ်စ်ကွန်ယက်ဖွံ့ဖြိုးတိုးတက်ရေး၏ အရေးပါမှုကို လည်း အသားပေး ပြောကြားခဲ့ကြောင်း သိရပါသည်။

DOCA(ရန်ကုန်)