မဲခေါင်ဒယ်တာမြို့တော် Can Tho သည်ဂျပန်ကုမ္ပဏီများ လေ့လာရန်၊ ရင်းနှီးမြှုပ်နှံရန ်နှင့် စီမံကိန်းများတည်ထောင်ရန်အတွက် အကောင်းဆုံးသောအခြေအနေများ ဖန်တီးပေးရန် အာမခံ ကြောင်း မြို့တော်စည်ပင်သာယာရေးပြည်သူ့ကော်မတီ၏ ဒုတိယဥက္ကဌ Duong Tan Hien က ဂျပန်နိုင်ငံသံရုံးနှင့် စီးပွားရေးလုပ်ငန်းများမှ ကိုယ်စားလှယ်များနှင့် ဇန်နဝါရီလ ၂၀ ရက်နေ့က ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ပြောကြားခဲ့ပါသည်။ Hien က Can Tho နှင့် ဂျပန်ပြင်ပ ကုန်သွယ်ရေးအဖွဲ့အစည်း(JETRO) ကြားပူးပေါင်းဆောင်ရွက်မှု မြင့်တက်ရန်နှင့် ဂျပန်စီးပွားရေး လုပ်ငန်းများအား ရင်းနှီးမြှုပ်နှံမှုဆွဲဆောင်ရန် အခွင့်အလမ်းများကို ပံ့ပိုးပေးနိုင် ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။ Aeon Mall Vietnam နှင့် Marubeni ကော်ပို ရေးရှင်းကဲ့သို့သော ကုမ္ပဏီများ နှင့်ပတ်သတ်၍ Can Tho သည် မြို့အာဏာပိုင်များကြား ကိစ္စရပ်များကိုဖြေရှင်းရန် ၎င်းတို့နှင့် အနီးကပ်ညှိနှိုင်းဆွေးနွေးလျှက်ရှိကြောင်း သိရပါသည်။ မြို့တော်သည် Can Tho တွင် Aeon Mall ဈေးဝယ်စင်တာ စတင်ဆောက်လုပ်နိုင်ရေးအတွက် သက်ဆိုင်ရာအေဂျင်စီများနှင့် လုပ်ဆောင် လျှက်ရှိကြောင်း သိရပါသည်။ ထို့ပြင် Marubeni ကော်ပိုရေးရှင်းက အကောင်အထည်ဖော်လျှက် ရှိသည့် O Mon စွမ်းအင်စက်ရုံစီမံကိန်း ဆောက်လုပ်မှုနှင့်ဆက်စပ်သည့် အခက်အခဲများ ဖြေရှင်းနိုင်ရန် အားထုတ်မှုများ လုပ်ဆောင် လျှက်ရှိကြောင်း သိရပါသည်။ ဗီယက်နမ်နိုင်ငံဆိုင်ရာ ဂျပန် သံအမတ် Ito Naoki ကလည်း မြို့တော်၏ လျှင်မြန်သောဖွံ့ဖြိုးတိုးတက်မှုနှင့်ဒေသတွင်းအစိုးရ၏ ပြည်ပစီးပွားရေး လုပ်ငန်း များအား ပံ့ပိုးရန်အားထုတ်မှုများကို မြင်တွေ့ရကြောင်းနှင့် မြို့တော် ခေါင်းဆောင်များသည် လည်း ပြည်ပကုမ္ပဏီများအတွက် ရင်းနှီးမြှုပ်နှံမှုများဆက်လက်တိုးချဲ့ နိုင်ရန်နှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် အကျိုးအမြတ်များပိုမိုရရှိရန် စီးပွားရေးနှင့်ရင်းနှီး မြှုပ်နှံမှုဝန်းကျင် မြင့်တက်ရေး ဆက်လက်လုပ်ဆောင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။ ဟိုချီမင်း မြို့တော်ရှိ JETRO ရုံး၏ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Matsumoto Nobuyuki က JETRO အဖွဲ့ဝင်များသည် Can Tho တွင် ရင်းနှီးမြှုပ်နှံလျှက်ရှိကြောင်း၊ အနာဂတ်တွင်လည်း မြို့တော်သို့ ဂျပန်ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်ဝင်ရောက်လာရန်မျှော်လင့်ကြောင်းနှင့် JETRO သည်လည်း မြို့တော်အုပ်ချုပ်ရေးအဖွဲ့က ဂျပန်ကုမ္ပဏီများအား မြို့တော်၏ အခွင့်အလမ်းများ ကို မိတ်ဆက်ရာတွင် ဆက်လက်ပံ့ပိုးပေးသွားရန် အဆင်သင့်ဖြစ်နေကြောင်း ပြောကြားခဲ့ပါ သည်။ ဒေသအာဏာပိုင်များ၏အဆိုအရ Can Tho တွင် အမေရိကန်ဒေါ်လာ ၂.၂ ဘီလီယံကျော် မတည် တန်ဖိုးရှိသော ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၈၀ ရှိကြောင်း သိရပါသည်။ ထိုပမာဏထဲ တွင် အမေရိကန်ဒေါ်လာ ၁.၃၅ ဘီလီယံတန်ဖိုးရှိသော ဂျပန်စီမံကိန်း ၈ ခုရှိပြီး အများစုမှာ ကုန်ထုတ်လုပ်ခြင်း-ပြုပြင်ထုတ်လုပ်ခြင်း၊ သတင်းအချက်အလက်နည်းပညာနှင့် လျှပ်စစ် ထုတ်လုပ်ခြင်း အစရှိသည့် ကဏ္ဍများတွင်လည်ပတ်လျှက်ရှိကြောင်း သိရပါသည်။
DOCA(ရန်ကုန်)