Main menu

ဗီယက်နမ် ငရုတ်ကောင်း ဈေးနှုန်းများ ဆက်လက် မြင့်တက်နေ

Powered by Drupal

ကမ္ဘာလုံးဆိုင်ရာရောင်းလိုအား ကျဆင်းမှုကြောင့် ဗီယက်နမ်ငရုတ်ကောင်းစျေးနှုန်းသည် ၂၀၂၅ တွင်ဆက်လက်မြင့်တက်မည်ဟု မျှော်လင့်ရပြီး အမေရိကန်နှင့် ဥရောပကဲ့သို့သော အဓိက စျေးကွက်များတွင်ဝယ်လိုအားတည်ငြိမ်နေကာ တရုတ်နှစ်သစ်ကူးပြီးနောက် ဗီယက်နမ်မှငရုတ် ကောင်း များကိုစတင်ဝယ်ယူနိုင်မည်ဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်နှောင်းပိုင်း တွင် HCM City ၌ ကျင်းပသော ဗီယက်နမ်ငရုတ်ကောင်းနှင့် ဟင်းခတ်အမွှေးအကြိုင်အသင်း (VPSA) ၏ နှစ်ပတ်လည် အစည်းအဝေးတွင် စက်မှုအတွင်းလူများက ပြောကြားခဲ့ခြင့်ဖြစ်သည်။ နိုင်ငံတကာ ငရုတ်ကောင်း အသိုက်အဝန်း (IPC) ၏အဆိုအရ ဘရာဇီးနှင့် ဗီယက်နမ်တို့တွင် ထုတ်လုပ်မှု ကျဆင်းမှုကြောင့် ၂၀၂၄ ခုနှစ်တွင် ကမ္ဘာ့ငရုတ်ကောင်းထုတ်လုပ်မှုသည် ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ် ပါက၄% ခန့် (တန်ချိန် ၂၂၀၀၀) ခန့်ကျဆင်းခဲ့သည်။ ရာသီဥတုဖောက်ပြန်မှုကြောင့် ငရုတ်ကောင်း အထွက်နှုန်းလည်းလျော့ ကျလာပြီး ထုတ်လုပ်မှုကုန်ကျစရိတ် သိသိသာသာ မြင့်တက်လာသည်။ ယမန်နှစ်က ဗီယက်နမ်သည် ငရုတ်ကောင်း အမျိုးအစားပေါင်း ၂၅၀,၆၀၀ တန် တင်ပို့ခဲ့ပြီး စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံကျော် ရှိပြီး ငရုတ်ကောင်းဖြူ ကန်ဒေါ်လာ သန်း ၂၀၀ ရှိကြောင်း သိရသည်။ ၂၀၂၄ ခုနှစ်တွင် ငရုတ်ကောင်း တင်ပို့မှု ပမာဏသည် ၂၀၂၃ ခုနှစ် နှင့် နှိုင်းယှဉ်ပါက ၅.၁% ကျဆင်းသွား သော်လည်း ပို့ကုန်တန်ဖိုး ၄၅.၄% တိုးလာကြောင်း ၎င်းက ဆက်လက်ပြောသည်။ အမေရိကန်သည် ဗီယက်နမ်၏ အကြီးဆုံး ငရုတ်ကောင်း တင်ပို့ရောင်းချသည့် စျေးကွက်ဖြစ်ခဲ့ပြီး ၂၀၂၄ ခုနှစ်ကတင်ပို့မှု စုစုပေါင်း၏ ၂၈.၉% ဖြင့် ၇၂၃၁၁ တန်ရှိကာ ၂၀၂၃ မှ ၃၃.၂% အထိ တိုးလာခဲ့သည်။ အမေရိကန်၏ နောက်တွင် အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ဂျာမနီ၊ နယ်သာလန်နှင့် အိန္ဒိယတို့ရပ်တည်လျှက် ရှိကြောင်း သူမက ဆိုသည်။ Gohan Co Ltd ၏ ဒါရိုက်တာ Ho Tri Nhua က ၂၀၂၄ ခုနှစ်တွင် US စျေးကွက်တွင် ငရုတ်ကောင်းဝယ်လိုအားသည် ၅% သာတိုးတက်မည်ဟု ကနဦးမျှော်လင့်ထား ကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း ဈေးနှုန်းများ မြင့်တက်လာခြင်းအပေါ် စိုးရိမ်မှုများကြောင့် တင်သွင်းသူများ သိုလှောင်မှု စတင်ခဲ့ပြီး ၎င်းတို့၏ ဝယ်ယူမှုများကို ၄၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့သည်။ ရောင်းလိုအားနှင့် ဝယ်လိုအား အကဲဖြတ်ချက်များအပေါ် အခြေခံ၍ ငရုတ်ကောင်း တင်ပို့မှုသည် ၂၀၂၅ ခုနှစ်တွင် အခွင့်အလမ်းများနှင့် မသေချာမရေရာမှုများ နှစ်မျိုးလုံးကို ရင်ဆိုင်ရ ဖွယ်ရှိကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။ သို့သော် စျေးနှုန်းတိုးမြင့်မှုသည် အမေရိကန်နှင့်တရုတ် နိုင်ငံတို့ကဲ့သို့ အဓိကစျေးကွက်များ၏ ဝယ်ယူမှုအရှိန်အဟုန်ပေါ်တွင်မူတည်သည်ဟု ၎င်းကဆို သည်။ ဗီယက်နမ်သည် ၎င်း၏ပင်မရိတ်သိမ်းရာသီဖြစ်သော ယခုနှစ်နွေဦးရာသီစတင်သည်နှင့် အမျှ တရုတ်သည် ၎င်း၏ဝယ်ယူမှုကို တိုးမြင့်လာရန် မျှော်လင့်ထားကြောင်း၊ အမေရိကန်သည် ၂၀၂၄ ခုနှစ်မှစ၍ သိုလှောင်မှုအဆင့်မြင့်လာခြင်းကြောင့် အရှိန်အဟုန်ဖြင့် ဝယ်ယူလာကြမည်ဖြစ်‌ကြောင်း ပြောကြားချက်အရသိရသည်။

DOCA(ရန်ကုန်)