Main menu

ဗီယက်နမ်နိုင်ငံသည် အီး-စီးကရက်နှင့် အပူပေးထားသောဆေးရွက်ကြီးထွက်ကုန်များ သုံးစွဲခြင်းအတွက် ဒဏ်ငွေဒေါ်လာ ၄၀-၈၀ ကြားကောက်ခံရန်အဆိုပြုထား

Powered by Drupal

          အီး-စီးကရက်နှင့် အပူပေးထားသော ဆေးရွက်ကြီးထွက်ကုန်သုံးစွဲသူတစ်ဦး ချင်းစီအား ဒဏ် ငွေ VND ၁ သန်းမှ ၂ သန်းကြား (အမေရိကန်‌‌ဒေါ်လာ ၄၀ မှ ၈၀) ကောက်ခံသွားမည် ဖြစ်ကြောင်း ဗီယက်နမ်ကျန်မာ‌ရေးဌာန၏ အဆိုပြုချက်အရသိရသည်။ ကျန်မာရေးစောင့်ရှောက် မှု ကဏ္ဍ၏ စီမံခန့်ခွဲ‌ရေးဆိုင်ရာ ပြစ်ဒဏ်များဆိုင်ရာ အမိန့်အမှတ် ၁၁၇ ကိုပြင်ဆင်ချက်မူကြမ်း တွင်ဖောက်ဖျက် ကျူးလွန်သူများ၏ အချက်အလက်များအားသက်ဆိုင်ရာအာဏာပိုင်များ သို့မဟုတ် စာသင်ကျောင်း များသို့ တိုင်ကြားမည်ဖြစ်ပြီးသိမ်းဆည်းခံရသည့်ထုတ်ကုန်များကို ဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါမူကြမ်းအား မတ်လဆန်းအထိ အများပြည်သူ များဘက်မှလည်းဆွေးနွေးညှိနှိုင်းနိုင် မည်ဖြစ်သည်။ ဗီယက်နမ်သည် ယခုနှစ်မှစတင်ကာ အီ-စီးကရက်နှင့်အပူပေးသောဆေးရွက်ကြီး ထွက်ကုန်များကိုတားမြစ်ပိတ်ပင်ခဲ့ပြီး အရေးယူ ဆောင်ရွက်မည့် ကမ္ဘာတစ်ဝှမ်းရှိနိုင်ငံပေါင်း ၄၃ နိုင်ငံ အနက်ခြောက်နိုင်ငံမြှောက် အာဆီယံနိုင် လည်းဖြစ်သည်။ ယခုနှစ်တွင်အဆိုပါပစ္စည်များကို တားမြစ်ထားသောကုန်ပစ္စည်းအဖြစ် အမျိုးအစားခွဲထားပြီး ဖောက်ဖျက်ပါက တည်ဆဲဥပဒေများအရအပြစ် ပေးအရေးယူ နိုင်မည် ဖြစ်သည်။ အဆိုပါထုတ်ကုန်များထုတ်လုပ်ခြင်း၊ ရောင်းဝယ်ခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူ ပို့ဆောင်ခြင်းနှင့်ကြေညာခြင်းတို့အား ဒဏ်ငွေ VND သန်း ၁၀၀ မှ VND ၁ ဘီလီယံအထိ (အမေရိကန်‌ဒေါ်လာ ၄၀၀၀ မှ ၄၀၀၀၀) သို့မဟုတ် ၁ နှစ်မှ ၅ နှစ်အထိ ထောင်ဒဏ် ချမှတ် နိုင်သည်။ ဗီယက်နမ်တွင် အထူးသဖြင့်လူငယ်များကြားတွင်အီး-စီးကရက်သုံးစွဲမှု မှာမြင့်တက် လာခဲ့သည်။ ၂၀၁၅ ခုနှစ်မှ ၂၀၂ ခုနှစ်အထိအရွယ်ရောက်ပြီးသူများ (အသက် ၁၅ နှစ်နှင့်အထက်) တို့တွင် အီး-စီးကရက်သောက်သုံးမှုသည် ၀.၂% မှ ၃.၆% သို့မြင့်တက်လာခဲ့သည်။ အသက် ၁၃ နှစ်နှင့် ၁၇ နှစ်အကြားကျောင်းသားများအသုံးပြုမှုမှာ ၂၀၁၉ ခုနှစ်တွင် ၂.၆% ၂၀၂၃ ခုနှစ်တွင် ၈.၁% အထိ တိုးလာခဲ့သည်။ ပြည်နယ် ၁၁ ခုတွင် ပဏာမစစ်တမ်းများအရ ၂၀၂၃ ခုနှစ်တွင် အသက် ၁၁ နှစ်မှ ၁၈ နှစ်အကြား မိန်းကလေးများ အီး-စီးကရက်သုံးစွဲမှုနှုန်း ၄.၃% ရှိကြောင်း သိရသည်။ ၂၀၂၃ ခုနှစ်တွင် အာဏာပိုင်များမှ အမှုပေါင်း ၈၆ မှုအားတရားစွဲ‌ဆောင်ရွက်ခဲ့ကာ ၂၀၂၄ ခုနှစ် ပထမသုံးလပတ်တွင် အမှုပေါင်း ၃၃ ခုအား ဆောင်ရွက်ခဲ့ပြီး ၂၀၂၃ ခုနှစ် စုစုပေါင်း၏ ထက်ဝက်နီးပါးရှိကြောင်းသိရသည်။

DOCA(ရန်ကုန်)