စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတများ ရရှိစေရန်အတွက် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး ဟောပြောပွဲများကို ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီလ ၂၀ ရက်နေ့ နေ့လယ်ပိုင်းတွင် တောင်ငူမြို့နယ် ထန်းကုန်း-ချင်းကုန်း အခြေခံပညာမူလတန်းလွန်ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ကြောင်းသိရသည်။
ဟောပြောပွဲတွင် တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူမှ စားသုံးသူရေးရာဦးစီးဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်များ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်စည်ပေါ်တွင် ဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသားများကိုဖတ်ရှုရန် အရေးကြီးပုံများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်ပါက တိုင်ကြားနိုင်ခြင်းများကို ဟောပြောခဲ့ကြောင်းသိရသည်။
ဆက်လက်၍ မြို့နယ်တာဝန်ခံသည် ကျောင်းသားကျောင်းသူများ ကုန်အညွှန်းအမှတ်အသားများ ဖတ်ရှုခြင်းကို အသင့်စားမုန့်များနှင့် အချိုရည်ဘူးဖြင့် လက်တွေ့ပြသခဲ့ပါသည်။ ဟောပြောပွဲသို့ ကျောင်းသားကျောင်းသူ ၉၃ ဦး တက်ရောက်ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)