Main menu

ကမ္ဘောဒီးယားနိုင်ငံ၏ အထည်လိပ်၊ ဖိနပ်နှင့် ခရီးသွားကုန်ပစ္စည်းများ တင်ပို့မှုသည် ၂၀၂၄ ခုနှစ် တွင် ကန်ဒေါ်လာ ၁၄ ဘီလီယံနီးပါး ရှိခဲ့

Powered by Drupal

          ကမ္ဘောဒီးယားနိုင်ငံသည် အထည်လိပ်၊ ဖိနပ်နှင့်ခရီးသွားကုန်ပစ္စည်းများကို ၂၀၂၄ ခုနှစ် တွင် ကန်ဒေါ်လာ ၁၃.၉၂ ဘီလီယံတန်ဖိုးတင်ပို့ခဲ့ပြီး ၂၀၂၃ ခုနှစ်ထက် ၂၃ ရာခိုင်နှုန်း တိုးတက် လာခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန (MoC)မှ ၂၁-၁-၂၀၂၅ ရက်နေ့တွင်အစီရင်ခံစာထုတ်ပြန်ခဲ့သည်။ ၂၀၂၄ ခုနှစ်တွင် အထည်လိပ်တင်ပို့မှုမှ ကန်ဒေါ်လာ ၉.၇၉ ဘီလီယံရရှိခဲ့ပြီး ၂၀၂၃ နှစ်ထက် ၂၄ ရာခိုင်နှုန်းတိုးလာသည်ဟု အစီရင်ခံစာ တွင် ဖော်ပြထားသည်။ တန်ဖိုးအမေရိကန်ဒေါ်လာ ၄၉၉ သန်းတန်ဖိုးရှိသော အထည်လိပ်များကို နိုင်ငံတကာဈေးကွက်သို့တင်ပို့ခဲပြီး ၁၇ ရာခိုင်နှုန်းတိုးတက်လာခဲ့သည်။ ဖိနပ်တင်ပို့မှုမှ ကန် ဒေါ်လာ ၁.၆၈ ဘီလီယံရရှိခဲ့ပြီး ၂၀၂၃ နှစ်ထက် ၂၃ ရာခိုင်နှုန်းတိုးလာခဲ့ပြီး ခရီးသွားကုန်ပစ္စည်း တင်ပို့မှုမှ ကန်ဒေါ်လာ ၁.၉၅ ဘီလီယံရရှိခဲ့ပြီး ၂၀၂၃ နှစ်ထက် ၁၉.၆ ရာခိုင်နှုန်းတိုးလာခဲ့သည်။  ASEAN+3 Macroeconomic Research Office (AMRO) မှ စီးပွားရေးပညာရှင် Hoe EeKhor က အထည်လိပ်၊ ဖိနပ်နှင့် ခရီးသွားကုန်ပစ္စည်းကဏ္ဍသည် ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေး တိုးတက်မှုအတွက် အဓိကကဏ္ဍမှ ပါဝင်ကြောင်းပြောကြားခဲ့သည်။ အဆိုပါစက်မှု လုပ်ငန်းများ သည် ကမ္ဘောဒီးယားနိုင်ငံအတွက် နိုင်ငံခြားဝင်ငွေအများဆုံး ရရှိသည့်လုပ်ငန်းများ ဖြစ်သည်။ အဆိုပါကဏ္ဍတွင် စက်ရုံခွဲပေါင်း ၁,၅၃၈ ခန့်ရှိပြီး လုပ်သား ၉၁၃,၀၀၀ ခန့်ရှိကြောင်း အလုပ်သမားနှင့်အသက်မွေးဝမ်းကြောင်းလေ့ကျင့်ရေးဝန်ကြီးဌာန၏ အစီရင်ခံစာတွင် ဖော်ပြ ထားသည်။

DOCA(ရန်ကုန်)