Main menu

မလေးရှားနိုင်ငံ၏ ကားသစ်‌ရောင်းအားသည် ၂၀၂၄ ခုနှစ်တွင် စံချိန်တင်မြင့်တက်ခဲ့

Powered by Drupal

          မလေးရှားနိုင်ငံ၏ ကားအသစ်များရောင်းအားသည် ၂၀၂၄ ခုနှစ်တွင် အစီးရေ ၈၁၆၇၄၇ စီးဖြင့်တစ်နှစ်ထက်တစ်နှစ် ၂.၁% စံချိန်တင်မြင့်တက်ခဲ့ကြောင်း မလေးရှားမော်တော်ယာဉ် အသင်း (MAA) မှ ဇန်နဝါရီ ၂၁ ရက်နေ့က ပြောကြားခဲ့သည်။ ထိုသို့ရောင်းအားမြင့်တက်လာမှု သည် အထူးသဖြင့် Preodua ကဲ့သို့သောမော်တော်ကားထုတ်လုပ် သူများ၏ စွမ်းဆောင်ရည် အားကောင်းမှု ကြောင့်ဖြစ်ကြောင်းသိရသည်။ လျှပ်စစ်ကားများ (EV) သည် ၂၀၂၃ ခုနှစ်စုစုပေါင်းစက်မှုလုပ်ငန်း ပမာဏဖြစ်သော ၄.၈% နှင့်နှိုင်းယှဥ်ပါက ၅.၆% မြင့်တက်ခဲ့သည်။ EV များ၏ ‌ရောင်းအားသည် ၂၀၂၄ ခုနှစ်တွင် တစ်နှစ်ထက်တစ်နှစ် ၁၉% သို့ အစီးရေ ၄၅၅၆၂ စီးအထိ မြင့်တက်လာခဲ့သည်။ တစ်ချိန်တည်းတွင်ပင် ၂၀၂၄ ခုနှစ်စက်မှုလုပ်ငန်းမှ မော်တော်ယာဉ်အသစ်စုစုပေါင်းထုတ်လုပ်မှုသည် တစ်နှစ်ထက်တစ်နှစ် ၂% တိုးလာပြီး စုစုပေါင်းအစီးရေ ၇၉၀၃၄၇ စီးအထိရောက်ရှိခဲ့သည်။ MAA မှ ၂၀၂၅ ခုနှစ်၏ ကားသစ်‌ရောင်း အားသည် တစ်နှစ်ထက်တစ်နှစ် ၄.၅% ကျဆင်းသွားမည်ဟုခန့်မှန်း ထားကြသည်။ ခန့်မှန်းချက်သည် ကုန်သွယ်ရေးစစ်ပွဲဝန်းကျင်မသေချာမရေရာမှုများနှင့်အင်ဂျင်ပါဝါ ပိုမြင့်သော မော်တော်ယာဥ်များအတွက်ဓာတ်ဆီထောက်ပံ့မှုဆိုင်ရာ ကျိုးကြောင်းဆီလျှော်သော လှုပ်ရှားမှု များအပါအဝင် စီပွားရေးနှင့်မူဝါဒဆိုင်ရာ အကြောင်းအရင်းများကို ထည့်သွင်းစဥ်းစားပြီး ယခုနှစ်အတွင်း စုစုပေါင်းစက်မှုလုပ်ငန်းပမာဏကို ထိခိုက်စေနိုင်ကြောင်းသိရသည်။

DOCA(ရန်ကုန်)