Main menu

၂၀၂၅ ခုနှစ်တွင် ခရီးသွားကဏ္ဍမှတစ်ဆင့် ဘတ် ၃ ထရီလီယံရရှိရန် ထိုင်းခရီးသွားအာဏာပိုင် အဖွဲ့ ရည်မှန်း

Powered by Drupal

          အရှေ့တောင်အာရှ၊ အိန္ဒိယနှင့် ရုရှား အစရှိသည့် တိုးတက်လာသည့် ဈေးကွက်များ ကြောင့် ထိုင်းနိုင်ငံခရီးသွားအာဏာပိုင်အဖွဲ့ (TAT) သည် ယခုနှစ်တွင် ခရီးသွားကဏ္ဍမှတစ်ဆင့် ဝင်ငွေ ဘတ် ၃ ထရီလီယံ ရရှိရန်ခန့်မှန်းထားကြောင်း သိရပါသည်။  TAT ၏ အုပ်ချုပ်ရေးမှူး Thapanee Kiatphaibool က ဘတ် ၂ ထရီလီယံကို ပြည်ပခရီးသွား ၃၉-၄၀ သန်းထံမှ ရရှိပြီး ဘတ် ၁ ထရီ လီယံအား ပြည်တွင်းခရီးစဉ် ၂၀၀-၂၂၀ သန်းထံမှ ရရှိရန် မျှော်လင့်ရကြောင်း ပြောကြားခဲ့ပါသည်။ အေဂျင်စီသည် အဓိကဈေးကွက်များ၏ ကြီးထွားနှုန်းကို ၁၀ ရာခိုင်နှုန်း၌ ဆက်လက်ထိန်းသိမ်း ထားရန် စီစဉ်ထားကြောင်း သိရပါသည်။ ထိုအလားအလာရှိသည့် ဈေးကွက်များတွင် စုစုပေါင်း လည်ပတ်မှု၏ ၃၀ ရာခိုင်နှုန်းရှိသည့် အရှေ့တောင်အာရှ အထူးသဖြင့် မလေးရှားနှင့် အင်ဒိုနီးရှား တို့ ပါဝင်ကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်တွင် ထိုင်းနိုင်ငံသည် မလေးရှားခရီးသွား စံချိန်တင် ၄.၉ သန်း ရရှိခဲ့ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်တွင် TAT သည် မလေးရှားနှင့် ထိုင်းနိုင်ငံ တို့အား လေယာဉ်နှင့် ကားလမ်းခရီးဖြင့် လာရောက်သည့် နည်းလမ်းအပြင် ရထားနှင့် သင်္ဘောတို့ဖြင့် ခရီး သွားလာမှုကို မြှင့်တင်ရန် စီစဉ်နေကြောင်း သိရပါသည်။ Bangkok-Johor Bahru  အစရှိသည့် တိုက်ရိုက်လေကြောင်း လိုင်းသစ်များသည် မလေးရှားဈေးကွက်အား ပိုမိုအားကောင်းစေနိုင်ကြောင်း Ms Thapanee ကပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားသည်လည်း ၎င်းတို့၏ များပြားသည့် လူဦးရေ သန်း ၂၇၀ ကြောင့် အလားအလာရှိသည့် အခြားဈေးကွက်တစ်ခုဖြစ်ကြောင်း သိရပါသည်။ အခြားသိသာ ထင်ရှားသည့်ဈေးကွက်များတွင် ၂၀၂၄ ခုနှစ်က ပထမဆုံးအနေဖြင့် လာရောက်လည်ပတ်မှု ၁ သန်းကျော်ခဲ့သည့် ထိုင်ဝမ်နှင့် ၂၀၂၄ ခုနှစ်က လည်ပတ်မှု ၁.၈ သန်း ကျော်ခဲ့ပြီး ယခုနှစ်တွင် ၂ သန်းကျော်လာရောက်လည်ပတ် နိုင်သည့် တောင်ကိုရီးယားနိုင်ငံတို့ ပါဝင်ကြောင်း သိရပါသည်။ အေဂျင်စီသည် နှစ်နိုင်ငံကြား လေကြောင်းလိုင်းများ များပြားလာမှုကြောင့် အိန္ဒိယနိုင်ငံထံမှ ခရီးသွား ၂.၃-၂.၅ သန်း လာရောက် လည်ပတ်ရန် ရည်မှန်းထားကြောင်းလည်း သိရပါသည်။ ၂၀၂၄ ခုနှစ်က လည်ပတ်မှု ၁.၇ သန်း ရှိခဲ့သည့် ရုရှားမှာ ဥရောပမှ အဓိကထိပ်တန်း ဈေးကွက် တစ်ခုဖြစ်ပြီး ယခုနှစ်တွင် ၁၀ ရာခိုင်နှုန်း မြင့်တက်ရန် မျှော်လင့်ရကြောင်း သိရပါသည်။ ၂၀ ရာခိုင်နှုန်းကျော်ထိ ကြီးထွားလာနိုင်သည့် အခြားဈေးကွက်များမှာ အရှေ့အလယ်ပိုင်းနှင့် ကာဇတ်စတန်နိုင်ငံတို့ဖြစ်ကြောင်း သိရပါသည်။ သို့သော် သဘာဝဘေးအန္တရာယ်များနှင့် ပထဝီနိုင်ငံရေးကိစ္စရပ်များ ပါဝင်သည့် ထိန်းချုပ်၍ မရသည့်အကြောင်းအရာများနှင့် စိန်ခေါ်မှု များ ရှိနေသေးကြောင်း သိရပါသည်။ TAT သည် မတ်လ တွင် ဥ‌ရောပ၏အကြီးဆုံး ခရီးသွား ပြပွဲများထဲမှ တစ်ခုဖြစ်သည့် ITB Berlin 2025 တွင် ပါဝင်ရန် စီစဉ်ထားကြောင်း သိရပါသည်။ ယခုနှစ်တွင် TAT သည် ဥရောပဈေးကွက်မထိုးဖောက်ဘူးသည့် ခရီးသွားလုပ်ငန်းရှင် ၂၀ ကို ဈေးကွက်မဟာဗျူဟာများ လေ့ကျင့်သင်ကြားပေးကာ ITB တွင် Booth ငှားခပေးစရာမလိုပဲ ပထမဆုံးအနေနှင့် ပါဝင်ဆင်နွဲရန် ဖိတ်ခေါ်ရန် အလိုရှိကြောင်း သိရ ပါသည်။

DOCA(ရန်ကုန်)