Main menu

၂၀၂၄ ခုနှစ်တွင် စင်ကာပူသို့ ဗီယက်နမ်၏ ဆန်တင်ပို့မှု မြင့်တက်

Powered by Drupal

          ၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်၏ စင်ကာပူသို့ ဆန်တင်ပို့မှုမှာ သိသာစွာ စံချိန်တင်မြင့်တက် ခဲ့ပြီး တတိယအကြီးမားဆုံး တင်ပို့သူအဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း စင်ကာပူနိုင်ငံရှိ ဗီယက်နမ် ကုန်သွယ်ရေးရုံး၏ အဆိုအရသိရပါသည်။ ဗီယက်နမ်သည် ၂၀၂၄ ခုနှစ်တွင် စင်ကာပူဒေါ်လာ ၁၂၈.၉ သန်းတန်ဖိုးရှိသော ဆန်များကို စင်ကာပူသို့တင်ပို့ခဲ့ပြီး ဈေးကွက်ဝေစု၏ ၂၈.၂၅ ရာခိုင်နှုန်း ရှိကာ ၂၀၂၃ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၂၈.၄၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထိပ်ဆုံးတွင် ရပ်တည်နေသည့်နှစ်နိုင်ငံမှာ စင်ကာပူဒေါ်လာ ၁၄၈.၁၉ သန်း တန်ဖိုးတင်ပို့ခဲ့သည့် အိန္ဒိယနိုင်ငံနှင့် စင်ကာပူဒေါ်လာ ၁၃၇.၇၅ သန်း တန်ဖိုးတင်ပို့ခဲ့သည့် ထိုင်းနိုင်ငံ တို့ဖြစ်ကြောင်း သိရပါသည်။ ငွေစာရင်းနှင့်ကော်ပိုရိတ်အာဏာပိုင်အဖွဲ့ထံမှ အချက်အလက်များအရ ၂၀၂၄ ခုနှစ် တွင် စင်ကာပူ၏ ဆန်တင်သွင်းမှုမှာ စင်ကာပူဒေါ်လာ ၄၅၆.၂ သန်းတန်ဖိုးရှိခဲ့ပြီး ၂၀၂၃ ခုနှစ်က ထက် ၁၀.၇၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်သည် ဆန်အမျိုးအစား ၃ ခု ဖြစ်သည့် ဆန်ဖြူ(၄၂.၂၃ ရာခိုင်နှုန်း)၊ ပေါင်းဆန်( ၆၅.၇၃ ရာခိုင်နှုန်း)နှင့် ဆန်စေး (၇၇.၀၂ ရာခိုင်နှုန်း) တို့တွင် ဈေးကွက်ဝေစုကို လွှမ်းမိုးထားကြောင်း သိရပါသည်။ ဗီယက်နမ်သည် ၂၀၂၄ ခုနှစ်၏ ပထမနှစ်ဝက်တွင် အားကောင်းသောစွမ်းဆောင်ရည်ကို ပြသခဲ့သော်လည်း အဓိကတင်ပို့ သည့်ဆန်ဖြူ တင်ပို့မှုမှာကြီးထွားမှု အားနည်းသောကြောင့် နှစ်ကုန်သောအခါ စင်ကာပူဈေးကွက် တွင် ထိပ်ဆုံး၌ ဦးဆောင်နေသည့် ၎င်းတို့၏နေရာကို အိန္ဒိယနှင့် ထိုင်းတို့က ရယူသွားကြောင်း သိရပါသည်။ စင်ကာပူနိုင်ငံရှိ ဗီယက်နမ်ကုန်သွယ်ရေးရုံး၏ အကြီးအကဲနှင့် ကုန်သွယ်ရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်သူ Cao Xuan Thang က ဆန်ဖြူတင်ပို့မှုသင့်ရုံမျှသာရှိခြင်းသည် ဗီယက်နမ် စီးပွားရေးလုပ်ငန်းများနှင့် ဆန်အသင်းများမှ ကြေညာမြှင့်တင်ရန်အားထုတ်မှု မလုံလောက်သောကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် ထိုင်း၊ အိန္ဒိယနှင့် ဂျပန် အစရှိသည့် ယှဉ်ပြိုင်ဖက်များသည် ၎င်းတို့အမှတ်တံဆိပ်များ ကြေညာမြှင့်တင်ရန် တင်သွင်းသူ များနှင့် မိတ်ဖက်ဖွဲ့ခြင်း၊ ဈေးကွက်တင်ရောင်းချခြင်းတို့တွင် ကြီးမားစွာရင်းနှီးမြှုပ်နှံလျှက် ရှိကြောင်း သိရပါသည်။ Thang က စင်ကာပူဈေးကွက်တွင် ဗီယက်နမ်၏ ယှဉ်ပြိုင်နိုင်စွမ်း အရှိန်မြှင့်တင်ရန်အတွက် ဈေးကွက်တင်ရောင်းချမှုမဟာဗျူဟာမြှင့်တင်ခြင်းနှင့် ရေရှည်စီမံချက် ချမှတ်ခြင်းတို့ လိုအပ်ကြောင်းပြောကြားခဲ့ပါသည်။

DOCA(ရန်ကုန်)