Main menu

ကုန်သွယ်ရေးယှဉ်ပြိုင်နိုင်စွမ်း အရှိန်မြှင့်တင်ရန် အင်ဒိုနီးရှားဝန်ကြီး နှစ်ဦးဆွေးနွေး

Powered by Drupal

          အင်ဒိုနီးရှားနိုင်ငံ အမျိုးသားဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းဝန်ကြီးဌာန(Bappenas) သည် ပြည်တွင်းနှင့် ကမ္ဘာ့ကုန်သွယ်ရေးအသွင်ကူးပြောင်းမှုတွင် နိုင်ငံ၏ယှဉ်ပြိုင်နိုင်စွမ်းမြင့်တက်ရန် ကုန်သွယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု သိရပါသည်။ Bappenas ဝန်ကြီး Rachmat Pambudy က ထိုပူးပေါင်းဆောင်ရွက်မှုသည် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ရန်နှင့် နိုင်ငံ၏ ကမ္ဘာ့တန်ဖိုးကွင်းဆက်တွင် ပါဝင်နိုင်စွမ်း တိုးတက်ရန် လိုအပ်ကြောင်း ဇန်နဝါရီလ ၂၁ ရက်နေ့က ထုတ်ပြန်ခဲ့သည်ဟု သိရပါသည်။ ဝန်ကြီးဌာနှစ်ခုကြား ညှိနှိုင်း ဆောင်ရွက်မှုသည် ကမ္ဘာ့ကုန်သွယ်ရေးတွင် အင်ဒိုနီးရှား၏ ယှဉ်ပြိုင်နိုင်စွမ်း သေချာစေရေးနှင့် စီးပွားရေးကြီးထွားမှုအတွက် အရေးပါကြောင်း Pambudy ကပြောကြားခဲ့ပါသည်။ ထို့ကြောင့် ဝန်ကြီးဌာနနှစ်ခုသည် တန်ဖိုးမြင့်ထုတ်ကုန်များတိုးမြှင့်ထုတ်လုပ်ခြင်းနှင့် ဈေးကွက်ဝင်ရောက် ရာ လမ်းကြောင်းများ တိုးချဲ့ခြင်းအားဖြင့် ပို့ကုန်ယှဉ်ပြိုင်နိုင်စွမ်း အားကောင်းစေရန် ကတိ ကဝတ်ပြု ခဲ့ကြကြောင်း သိရပါသည်။ ၂၀၂၅-၂၀၂၉ နိုင်ငံတော်အလယ်အလတ်တန်း ကာလဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်တွင် ကုန်သွယ်ရေးမူဝါဒညွှန်ကြားချက်၏ ရည်ရွယ်ချက်သည် အင်ဒိုနီးရှား၏ စျေးကွက် ထိန်းချုပ်မှု ကမ္ဘာ့အဆင့်တွင် မြင့်တက်ရေးဖြစ်ကြောင်း သိရပါသည်။ မဟာဗျူဟာမြောက် ခြေလှမ်းများတွင် ကမ္ဘာ့ထောက်ပံ့မှုကွင်းဆက်တွင် ပါဝင်မှုအားကောင်း ရေး၊ တန်ဖိုးမြင့်ကုန်စည်နှင့် ဝန်ဆောင်မှုများ တင်ပို့မှုဝေစုမြင့်တက်ရေးနှင့် စီးပွားရေး ချိတ်ဆက်မှုများ မြင့်တက်ရေးတို့ ပါဝင်ကြောင်း သိရပါသည်။ ပြင်ပစိန်ခေါ်မှုများတွင် ကမ္ဘာ့ စီးပွားရေးနှေးကွေးမှု၊ ပထဝီနိုင်ငံရေး မတည်ငြိမ်မှုနှင့် စိမ်းလန်းသောထုတ်ကုန် စံနှုန်း အတွက်လိုအပ်ချက်များ ပါဝင်ကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် ပြည်တွင်းစိန်ခေါ်မှု များတွင် တင်ပို့မည့်ထုတ်ကုန်များ၏ ယှဉ်ပြိုင် နိုင်စွမ်းအားနည်းမှု၊ သင့်လျော်သည့် အခြေခံ အဆောက်အအုံနှင့် ဒေသများကြားကုန်သွယ်ရေး ကွာဟချက်များ ပါဝင်ကြောင်း သိရပါသည်။ ဖြေရှင်းချက်အနေနှင့် Bappenas သည် လုပ်ငန်းရှင်များကို Trade Data Dashboard ဖြင့် ဒေသဆိုင်ရာတင်ပို့မှု အလားအလာအား ပံ့ပိုးပေးသွားမည်ဖြစ်ပြီး ပို့ကုန်မြှင့်တင်ရန် ဘက်ပေါင်းစုံစီးပွားရေးမိတ်ဖက်သဘောတူညီချက်များ၊ လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက်များဖြင့် တွန်းအားပေးဆောင်ရွက်သွားမည် ဟုသိရပါသည်။ ထို့ပြင် ဝန်ကြီးဌာနနှစ်ခုသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုမျှော်မှန်းချက် အောင်မြင်စေရန်နှင့် တည်ငြိမ် သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့အတွက် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဟု သိရပါသည်။

DOCA(ရန်ကုန်)