Main menu

ရေတာရှည်မြို့နယ် မြို့လှမြို့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးမင်းဇော်နှင့် စစ်ဆေးရေးမှူးများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံး ၏ ညှိနှိုင်းချက်အရ ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ရေတာရှည်မြို့နယ် မြို့လှမြို့စည်ပင် သာယာဈေးအတွင်းနှင့် ဈေးပြင်ပကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသောက်ကုန်များနှင့် အလှကုန်ပစ္စည်းများကိုလည်းကောင်း၊ ဆေးဆိုင်များ၌ ရောင်းချနေသော အိမ်သုံးဆေးဝါးများကိုလည်းကောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

            ပူးပေါင်းအဖွဲ့သည် အစားအသောက်နှင့်အလှကုန်ပစ္စည်းများတွင် ခွင့်မပြုဓါတုဆေးဝါးများပါဝင်မှုရှိ/ မရှိ၊ ရက်လွန်ခြင်းရှိ/ မရှိကိုလည်းကောင်း၊ တရားမဝင်အိမ်သုံးဆေးဝါးများ ရောင်းချခြင်းရှိ/ မရှိနှင့် ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးဝါးများ၌ ရက်လွန်ခြင်းရှိ/ မရှိကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပါရာ စားသုံးသူရေးရာဦးစီးဌာန ဒုတိယခရိုင်ဦးစီးမှူးမှ ကုန်စည်နှင့် ဆေးဝါးများရောင်းချရာတွင် စားသုံးသူနစ်နာဆုံးရှုံးမှုမဖြစ်စေရေးကို အလေးထားဆောင်ရွက်ရန်၊ မြန်မာဘာသာဖြင့် ဖော်ပြရမည့်ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားခြင်းမရှိသော ကုန်စည်များကို ရောင်းချခြင်းမပြုရန် အသိပညာပေး ပြောကြားခဲ့ကြောင်းသိရသည်။

            ပူးပေါင်းအဖွဲ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့လှမြို့အုပ်ချုပ်ရေးမှူး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့လှတိုက်နယ်ဆေးရုံ တာဝန်ခံဆရာဝန်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့  မြို့လှဈေးတာဝန်ခံတို့ဦးဆောင်သော သက်ဆိုင်ရာဌာနဆိုင်ရာများမှ တာဝန်ရှိသူများ ပူးပေါင်းပါဝင်ဆောင်ရွက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)