ကွမ်းသီးနှင့် သီဟိုများသည် မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။ ကွမ်းသီးတွင် ကွမ်းသီးအလုံးစျေးနှင့် ကွမ်းသီးခွဲခြမ်းစျေးဟူ၍ စျေးနှုန်း (၂)မျိုးရှိပြီး သီဟိုစေ့တွင် အခွံမချွတ်ရသေးသောအပင်မှ ဆွတ်ခူးသော အသီးအကြမ်းစျေးနှင့် အခြောက်လှန်းသန့်စင်ပြီး အချောစျေးဟူ၍ စျေးနှုန်း ( ၂ ) မျိုးရှိကြောင်း သိရှိရပါသည်။
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်ရှိ ဖြစ်ပေါ်လျက်ရှိသော ကွမ်းသီးစျေးမှာ မေ၁၈ ရက်တွင် ကွမ်းသီးအလုံး(အခွံမပါ)တစ်ပိဿာလျှင် ကျေးရွာအတွင်း ဝယ်ယူသောစျေးမှာကျပ် ၅၀၀ဝ နှုန်းရှိပြီး နေလှန်းအခြောက်ခံသန့်စင်ထုပ်ပိုးပြီး ရန်ကုန်စျေးကွက်သို့တင်ပို့ရာ ရောင်းစျေးမှာ တစ်ပိဿာလျှင် ကျပ်၅၈၀၀နှုန်း စျေးရှိနေပြီး ကွမ်းသီးခွဲခြမ်း တစ်ပိဿာလျှင် ကျပ် ၅၅၀ဝ နှုန်း ပေါက်ဈေးရှိကြောင်း သိရှိရပါသည်။ သီဟိုစျေးနှုန်းမှာ သီဟိုစေ့အကြမ်း တစ်ပိဿာလျှင် ကျပ် ၃၄၀ဝ ရှိပြီး သီဟိုစေ့အချောတစ်ပိဿာ လျှင် ကျပ်၂၂၃၀ဝ ရှိကြောင်း သိရှိရသည်။
ကွမ်းသီးနှင့် သီဟိုစေ့ဈေးနှုန်းများမှာ ယခင်အပတ်နှင့် ယခုပတ်နှိုင်းယှဉ်လျှင် ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိကြောင်းနှင့် အရောင်းအဝယ်မှာ ပုံမှန်လည်ပတ်လျက်ရှိကြောင်း စုံစမ်းသိရှိရပါသည်။
DOCA(တနင်္သာရီ)