Main menu

ဆိပ်ဖြူမြို့ ကုန်စိမ်းသီးနှံဈေးကွက်၌ အာလူးဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ်ဖြစ်နေ

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ စိုက်တောင်သူများသည် အာလူးသီးနှံကို ရေမြေ ရာသီဥတုနှင့်မကိုက်ညီ၍ စိုက်ပျိုးမှုမရှိခြင်းကြောင့် စားသုံးမှုလိုအပ်ချက်အရ အခြားမြို့နယ်များမှ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဆိပ်ဖြူဈေးကွက်သို့ ပေါက်၊ ဆင်ဖြူကျွန်းဒေသထွက် အာလူးများနှင့် ရှမ်းပြည်အောင်ပန်းထွက်အာလူးများ အများဆုံးဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း သိရသည်။

          ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(ဒုတိယပတ်)တွင် အားလူးအလုံးအကြီးအသေးနှင့် အရည်အသွေးလိုက်၍ တစ်ပိဿာလျှင် ကျပ်(၈၀၀၀-၇၀၀၀-၆၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ် ကြောင်း၊ ဈေးကွက်သို့ သီးနှံဝင်ရောက်မှုနည်းပြီး ဝယ်ယူသုံးစွဲမှုများခြင်းအပြင် သယ်ယူစရိတ်ကြီးမြင့် ခြင်းကြောင့် ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း ကုန်စိမ်းသီးနှံဈေးကွက်မှ သိရှိရပါသည်။

DOCA(မကွေး)