မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ဆိက္ခဝကျေးရွာအုပ်စုအတွင်းရှိ ဆိက္ခဝ၊ သီရိ၊ ဇီးကုန်း၊ ရွာနောင် ကျေးရွာများ၌ မြစ်ရေဝင်မြေနုကျွန်းများပေါ်၌ ငရုတ်၊ နှမ်း၊ ကြက်သွန်နီနှင့် ပဲမျိုးစုံ နှစ်စဉ်စိုက်ပျိုးလျက်ရှိပြီး ဆောင်းမြေပဲပင်ပြန့်အတောင့်ကြီးမျိုးကို အဓိကသီးနှံအဖြစ် စိုက်ပျိုးကြောင်း သိရသည်။
မြေပဲစိုက်ပျိုးမှုအနေဖြင့် ၂၀၂၄ခုနှစ်၊ အောက်တိုဘာလတွင် စတင်စိုက်ပျိုးပြီး ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလဆန်းပိုင်းတွင် ရိတ်သိမ်းကြောင်း၊ စိုက်ပျိုးစရိတ်အတွက် မျိုး၊ သွင်းအားစု၊ ရိတ်သိမ်းခနှင့် လုပ်သားခ အပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၁၀ သိန်းခန့် ကုန်ကျကြောင်း၊ အထွက်နှုန်း အနေဖြင့် တစ်ဧကလျှင် ၄၈ တင်းခန့် ထွက်ရှိပြီး စိုက်တောင်သူများမှ မြေပဲအတောင့်ရောင်းချခြင်းမရှိဘဲ ထုခွဲပြီး မြေပဲအဆံကို ရောင်းချကြောင်း၊ သီးနှံပေါ်ချိန် ဈေးကွက်တွင် မြေပဲ အရည်အသွေးလိုက်၍ မြေပဲဆံတစ်ပြည်လျှင် ကျပ်(၈၈၀၀ - ၉၂၀၀)ဈေးဖြင့် ရောင်းချရကြောင်း၊ အကျိုးအမြတ်အနေဖြင့် (၁၁) သိန်းခန့် ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် မြေပဲဆံများကို ပခုက္ကူမြို့သို့ တင်ပို့ရောင်းချကြောင်း၊ မြေပဲ အထွက်ကောင်းပြီး ဈေးကောင်းရရှိ၍ အကျိုးအမြတ်ရရှိကြောင်း မြေပဲစိုက်တောင်သူတစ်ဦးထံမှ သိရှိရ ပါသည်။
DOCA(မကွေး)