Main menu

ပခုက္ကူမြို့၌ မန်ကျည်းသီးမှည့်ဈေးနှုန်းကျဆင်း၍ အရောင်းအဝယ်ဖြစ်လျက်ရှိ

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပေါ်တွင် မန်ကျည်းသီးမှည့်ဈေးကွက်သို့  ယောနယ်ဒေသများ နှင့် ကျောက်ပန်းတောင်းမြို့၊ ဆိပ်ဖြူမြို့၊ မြိုင်၊ ကမ္မနှင့် မြစ်ခြေမြို့များမှ မန်ကျည်းသီးမှည့်အသစ်များ နေ့စဉ်ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(ဒုတိယပတ်)တွင် မန်ကျည်းသီးမှည့်ဈေးနှုန်းများမှာ မန်ကျည်းမှည့်အစေ့ လွတ် တစ်ပိဿာလျှင် လက်ကားဈေး ကျပ်(၁၀၀၀၀)၊ လက်လီဈေး ကျပ်(၁၅၀၀၀)ဈေးဖြင့် အရောင်း အဝယ်ဖြစ်ပြီး ယခင် ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(စတုတ္ထပတ်)တွင် လက်ကားဈေး ကျပ်(၁၂၀၀၀)၊ လက်လီဈေး ကျပ်(၁၇၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဈေးနှုန်းနှိုင်းယှဉ်ပါက တစ်ပတ်အတွင်း မန်ကျည်းအစေ့လွတ်တစ်ပိဿာလျှင် ကျပ်(၂၀၀၀)ခန့်ဈေးကျပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ဈေးနှုန်း ကျဆင်းရခြင်းမှာ ယခုအချိန်တွင် မန်ကျည်းအသစ်များ စတင်ပေါ်ချိန်ဖြစ်၍ ဈေးကွက်သို့ ကုန်ဝင်များ လာခြင်းကြောင့် ဈေးကျရခြင်းဖြစ်ကြောင်း၊ မန်ကျည်းသားများကို ပခုက္ကူမြို့ပေါ်ရှိ စားသောက် ကုန်လုပ်ငန်းရှင် လှောင်လက်သမားများမှ ကုန်ဝင်နည်းသောကြောင့် ဝယ်ယူထားရှိပြီး ပြန်လည် ရောင်းချကြကြောင်း၊ အကြော်ဆိုင်၊ အကင်ဆိုင်များမှ မန်ကျည်းသီး အချဉ်ရည်များ ပြုလုပ်ရန်အတွက် ဝယ်ယူခြင်း၊ မန်ကျဉ်းဖျော်ရည်လုပ်ငန်းများနှင့် မန်ကျည်းတော်ဖီ လုပ်ငန်းရှင် များမှလည်း အများအပြား ဝယ်ယူသည့်အပြင် ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့လည်း တင်ပို့လျက်ရှိ ကြောင်း သိရှိရပါသည်။

DOCA(မကွေး)