Main menu

“နေလှဲ့စိုက်ပျိုးဝင်ငွေတိုး”

Powered by Drupal

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်သည်အပူပိုင်းဒေသဖြစ်သည့်အတွက်ဆေးဘက်ဝင် အပင်တစ်မျိုးဖြစ်သည့် နေလှဲ့ပင်များလည်း ပေါက်ရောက်လျှက်ရှိပါသည် ။ ယခင်က အလေ့ကျ ပေါက်ရောက်လျှက်ရှိပြီး ယခုအခါတွင် တောင်သူများမှ မြေလွတ်မြေရိုင်းများပေါ်တွင် စီးပွားဖြစ်စိုက် ပျိုးလျှက်ရှိပါသည်။ နေလှဲ့(၁)ဧက စိုက်ပျိုးမှုအနေဖြင့် မျိုး(၃)ပြည်ကုန်ကျကြောင်း၊ မျိုး(၁)ပြည် လျှင်(၇၀၀၀)ကျပ်ဖြင့်ဝယ်ယူစိုက်ပျိုးကြပါသည်။ မျိုး ၊ သွင်းအားစု ၊ လုပ်သားခအပါအဝင် စုစုပေါင်း (၂၀၀၀၀၀)ကျပ်ခန့်ကုန်ကျကြောင်း၊ နေလှဲ့ကိုထွန်းဖုံးပတ်ကြဲစနစ်ဖြင့်စိုက်ပျိုးကြပါသည်။ သြဂုတ်လ မှ စတင်စိုက်ပျိုးပြီး ဒီဇင်ဘာလတွင် စတင်ဆွတ်ခူးကြကြောင်း၊ နေလှဲ့သီးများရင့်မှည့်ချိန်တွင် အပင်ခြေမှခုတ်ယူ၍ အကိုင်းမျာကိုတုတ်ဖြင့် ရိုက်၍ခြွေကြရကြောင်း၊ ယခင်နှစ် နေလှဲ့စေ့တစ်ပိဿာ လျှင်(၈၂၀၀)ကျပ်ဖြင့် ရောင်းခဲ့ရပြီး ယခုနှစ် နေလှဲ့တစ်ပိဿာလျှင် (၉၀၀၀)ကျပ်ဖြင့် ရောင်းချရ ကြောင်း ၊ နေလှဲ့စိုက်ပျိုးမှုတွင် ကနဦးစိုက်ပျိုးစရိတ်သာကုန်ကျပြီး ကျန်နှစ်တွင် အတက်မွေး၍ နေလှဲ့စေ့ကိုရယူကြောင်း၊နေလှဲ့စိုက်ပျိုးမှုတွင် ကုန်ကျစရိတ်သက်သာပြီး ဝင်ငွေတိုးကြောင်း၊  (၁)ဧက အထွက်နှုန်အနေဖြင့်  သန့်စင်ပြီး နေလှဲ့စေ့(၆-၇)တင်းခန့်ထွက်ရှိကြောင်း ၊ ယခုလက်ရှိပေါက်စျေး အနေဖြင့် နေလှဲ့စေ့တစ်တင်းလျှင်(၁၄၄၀၀၀)ကျပ်ရှိကြောင်း၊ စိုက်ပျိုးစရိတ်နှုတ်ပြီးပါက(၆၀၀၀၀၀) ကျပ်ခန့်မြတ်ကြောင်း၊ နေလှဲ့စေ့ ကိုကြိတ်၍ အဆီထုတ်ကာ တိုင်းရင်း‌‌ဆေးအဖြစ် အသုံးပြုကြောင်း၊ နွယ်မြက်သစ်ပင် ဆေးဖက်ဝင်သည်ဆိုရိုးစကားအတိုင်း နေလှဲ့ပင်၏ အကျိုးကို သိရှိသူများရှိသလို မသိရှိသူများလည်းရှိကြောင်း ၊ နေလှဲ့ပင်သည် မြေလွတ်မြေရိုင်းများတွင် ပက်ကြဲစနစ်ဖြင့် စိုက်ပျိုးရ သဖြင့်  ကုန်ကျစရိတ်သက်သာပြီး ဝင်ငွေများများရသဖြင့် စိုက်ပျိုးသင့်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)