Main menu

“ပဲချဉ်ပေါင်စိုက်ပျိုးဝင်ငွေတိုး”

Powered by Drupal

          မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်အတွင်းတွင် သီးနှံမျိုးစုံ စိုက်ပျိုးလျှက်ရှိရာ ကျေးလက်နေတောင်သူများသည် တောင်သူများသည် မိသားစုအပိုဝင်ငွေရရှိရေးအတွက် ဆောင်းသီးနှံ ဖြစ်သော ပဲချဉ်ပေါင်ကို မိုးစပါးများရိတ်သိမ်းပြီးခါစ အချိန်တွင် လယ်ခင်များ၌ စတင်စိုက်ပျိုးကြ ပါသည်။ ပဲချဉ်ပေါင်ကိုစိုက်ပျိုးရာတွင် လယ်မြေကိုထွန်ယက်စရာမလိုဘဲ မျိုးစေ့ကိုတိုက်ရိုက်ပတ်ကြဲ၍ ရကြောင်းသိရှိရပါသည်။စိုက်ပျိုးရာတွင် မျိုးစေ့ကိုပတ်ကြဲစနစ်ဖြင့်စိုက်ပျိုးကြပြီး (၁)ဧကလျှင်မျိုးစေ့ တစ်တင်းခန့်ကုန်ကျကြောင်း၊မျိုးစေ့စျေးနှုန်းအနေဖြင့် တစ်တင်းလျှင်(၆၅၀၀၀-၇၀၀၀၀)ကျပ်စျေးနှုန်း ပေးရကြောင်း၊ယခုအခါတွင် ပဲချဉ်ပေါင်ပင်များ စိုက်ပျိုးဖြစ်ထွန်းလျှက်ရှိရာ စိုက်ပျိုးပြီး ၃လခန့်အကြာ တွင်ပဲချဉ်ပေါင်များ စတင်ထွက်ပေါ်မည်ဖြစ်ကြောင်း၊ (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၂၅၀၀၀၀-၃၀၀၀၀၀)ကျပ်ခန့်ကုန်ကျကြောင်း၊အထွက်နှုန်းအနေဖြင့် ယခင်နှစ်တွင်(၈-၉)တင်းခန့်ထွက်ရှိကြောင်း၊ယခုနှစ်တွင် ရာသီဥတုကောင်းမွန်သောကြောင့် (၁)ဧက လျှင်(၉-၁၀)တင်းခန့်ထွက်ရှိနိုင်ကြောင်း၊ယခင်နှစ်ပဲချဉ်ပေါင်ပေါ်ချိန်စျေးနှုန်းအနေဖြင့်တစ်တင်းလျှင် (၇၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ၊ ပဲချဉ်ပေါင်ပေါ်ချိန်တွင် အရွက်နုများကိုခူး၍ မြို့‌‌ပေါ်သို့ ဖောက်သည်ပေး၍ ရောင်းချကြောင်း ၊ ပဲချဉ်ပေါင်ရွက် လက်ကားစျေး (၁)ပိဿာလျှင် (၃၀၀၀-၃၅၀၀)ကျပ် စျေးနှုန်းများဖြင့် ရောင်းချကြပြီး လက်လီစျေးနှုန်းအနေဖြင့် (၁၀)ကျပ်သား လျှင်(၅၀၀)ကျပ်ဖြင့် ပြန်လည်ရောင်းချကြပါသည်။ ပဲချဉ်ပေါင်ရွက်ကို အသုပ်သုပ်ပြီးစားသုံး၍ရသလို ဟင်းချိုရည်အဖြစ်ချက်ပြုတ်၍လည်းစားသုံးကြပါသည်။ပဲချဉ်ပေါင်စေ့ကိုကြိတ်ခွဲပြီးထွက်ရှိလာသော ပဲဆံကိုချက်ပြုတ်၍သော်လည်းကောင်း  ၊ အကြော်ကြော်၍သော်လည်းကောင်း  စားသုံးကြပါသည် ။ ပဲချဉ်ပေါင်စေ့ပေါ်ချိန်တွင် စျေးနှုန်းကောင်းမွန်ပါက တောင်သူများ အကျိုးအမြတ် ပိုမိုဖြစ်ထွန်း လာနိုင်မည်ဖြစ်ကြောင်း ၊ နှစ်စဉ် ပဲချဉ်ပေါင်စိုက်ပျိုးသော သင်တောင်းကျေးရွာမှ တောင်သူတစ်ဦး၏  ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)