Main menu

နွာထိုးကြီးမြို့နယ်တွင် ပဲစဉ်းငုံသီးနှံများစတင် ထွက်ပေါ်

Powered by Drupal

မန္တလေးတိုင်းဒေသကြီး ၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် မေလနှင့်ဇွန်လတွင် စိုက်ပျိုးခဲ့သော ပဲစဉ်းငုံသီးနှံများ ဇန်နဝါရီလတွင် စတင်ရိတ်သိမ်းထွက်ပေါ်နေပြီဖြစ်ပါသည်။ နွားထိုးကြီးမြို့နယ်နှင့် အနီးပတ်ဝန်းကျင်ဒေသများတွင် ပဲစဉ်းငုံသီးနှံကို နှမ်း၊ မြေပဲသီးနှံများနှင့် သီးညှပ်စိုက်ပျိုးကြပါသည်။

ယခင်နှစ်စိုက်ပျိုးမှုမှာ(၇၇၁၀၁)ဧက စိုက်ပျိုးမှုရှိခဲ့ပြီး၊ ယခုနှစ်ဖြစ်သည့် ၂၀၂၄-၂၀၂၅ တွင် နွားထိုးကြီးမြို့နယ်၏ ပဲစဉ်းငုံစိုက်ပျိုးမှုအနေဖြင့် (၇၉၂၆၁  )ဧကစိုက်ပျိုးနိုင်ခဲ့သဖြင့် ယခင်နှစ် ထက်(၂၁၆၀)ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်းနှင့် လက်ရှိရိတ်သိမ်းမှုအနေဖြင့်(၂၀၂၈၅)ဧက ရိတ်သိမ်းပြီးဖြစ်ကြောင်း သိရသည်။ တစ်ဧကပျမ်းမျှအထွက်နှုန်းအနေဖြင့် (၆.၉၇)တင်းနှုန်းဖြင့် တင်းပေါင်း (၁၄၁၃၈၆)တင်း ထွက်ရှိပြီးဖြစ်ပါသည်။ ကျန်ရှိသည့် စိုက်ဧကများကိုလည်း ဆက်လက်ရိတ်သိမ်းလျက်ရှိကြောင်းနှင့် နောက်ပိုင်းကာလများတွင် ဈေးနှုန်းမြင့်တက်လာ နိုင်ကြောင်း၊ ယခုလက်ရှိဇန်နဝါရီလဒုတိယပတ်တွင် ပဲစဉ်းငုံတစ်တင်းလျှင် (၉၀၀၀၀)ကျပ်ဖြင့် မြို့ပေါ်ကုန်သည်များမှ ဝယ်ယူစုဆောင်း၍ မြင်းခြံ၊ မန္တလေး၊ ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချကြကြောင်း ပွဲရုံပိုင်ရှင်တစ်ဉီးထံမှ သိရှိရသည်။

DOCA(မန္တလေး)