Main menu

ပခုက္ကူမြို့၊ စက်မှုဇုန်ရှိ ဆီစက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ဆီကြိတ်ခွဲထုတ်လုပ်မှု ဈေးနှုန်း/ဈေးကွက်အခြေအနေ မေးမြန်းဆွေးနွေး

Powered by Drupal

             စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်နှင့် ဝန်ထမ်းများအဖွဲ့သည် ပြည်တွင်း၌ စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ ပြည်တွင်းဆီစက်လုပ်ငန်းများနှင့် ဆီထွက်သီးနှံကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်ရည်ရွယ်၍ မေလ(၁၉)ရက်၊ နံနက် (၁၀:၀၀)နာရီ အချိန်တွင် ပခုက္ကူမြို့၊ စက်မှုဇုန်ရှိ ဆီစက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

            ခရိုင်ဦးစီးမှူးမှ ဆီစက်လုပ်ငန်းရှင်များကို ဆီစက်များရှိလက်ကျန်အခြေအနေများ၊ စက်ကြိတ်စွမ်းအားနှင့် လအလိုက်ကြိတ်ခွဲထုတ်လုပ်နိုင်မှုအခြေအနေများအား မေးမြန်းရာ " SSS" ဆီစက်မှာ ဆီကြိတ်စက်ကြီး(၄)လုံးဖြင့် လည်ပတ်နေပြီး နေ့/ည ဆီကြိတ်ခွဲနေကြောင်း၊ မြေပဲ နှင့် နှမ်းကို အဓိကထား၍ ကြိတ်ခွဲထုတ်လုပ်ပြီး မော်တာမြင်းကောင်ရေ(၈၀)အားဖြင့် အသုံးပြုနေကြောင်း၊ တစ်ရက်လျှင် ဆီ(၁၅)ပေပါခန့် ကြိတ်ခွဲထုတ်လုပ်နိုင်ကြောင်း၊ လျှပ်စစ်မီးလာသည့် အချိန်များလျှင် ပို၍ဆီကြိတ်ခွဲမှုပြီးစီးကြောင်း၊ မြေပဲလက်ကျန်မှာ (၂၅)ပိဿာဝင် အိတ်(၅၅၀/၆၀၀) ခန့် ရှိပြီး နှမ်းလက်ကျန်မှာ (၂၅)ပိဿာဝင် အိတ်(၃၀၀)ခန့်ရှိနိုင်ကြောင်း၊ မြေပဲဈေးမှာ စားအုန်းဆီအဝင်ပေါ် တွင်မူတည်၍ ဈေးနှုန်းပြောင်းလဲနိုင်ကြောင်း သိရှိခဲ့ရပါသည်။

           ဆက်လက်၍ "ဂရိတ်"ဆီစက်လုပ်ငန်းရှင်မှ မြေပဲလက်ကျန် အိတ်ရေ(၂၀၀၀)ခန့်နှင့် နှမ်းလက်ကျန်အိတ်ရေ(၅၀၀)ခန့်ရှိကြောင်း၊ မြေပဲ အိတ်ရေ(၂၀၀၀)မှာ လုံးဆံ(၅၀၀)အိတ်အပါအဝင်ဖြစ်ပြီး ကျန်သည်မှာ အဆံမကြိတ်ခွဲရသေးသော မြေပဲတောင့်များဖြစ်ကြောင်း၊ ဆီကြိတ်သည့် စက်စွမ်းအားမှာ မော်တာ မြင်းကောင်ရေ(၂၀၀)ခန့်အသုံးပြုထားကြောင်း၊ ဆီစက်အကြီးများတွင်သာ လက်ကျန် ကျန်ရှိနိုင်ပြီး ဆီစက်အများစုတွင် လက်ကျန်အနည်းငယ်သာရှိနိုင်ကြောင်း၊ စိုက်တောင်သူများတွင် လက်ကျန်မှာ မျိုးစေ့ထားသည်မှလွဲ၍ မရှိနိုင်ကြောင်း၊ ဇွန်၊ ဇူလိုင် ရောက်မှသာ မြေပဲ ၊ နှမ်း ပေါ်မည်ဖြစ်ကြောင်း၊ ဆီထွက်သီးနှံများ ‌ဈေးကောင်းရနေသဖြင့် တောင်သူများ ပိုမိုစိုက်ပျိုးလာနိုင်ကြောင်း၊ မြေပဲ /နှမ်း တင်ပို့မှုကို မြဝတီကုန်သွယ်ရေးဇုန်မှ ခေတ္တဆိုင်းငံ့ထားသော်လည်း စားအုန်းဆီအဝင်နည်းသောကြောင့် မြေပဲဈေးမှာ ကျဆင်းမှုမရှိဘဲ ယခင်က(၄၀၀၀)ကျပ်၊ ယခု(၄၁၀၀/၄၂၀၀)ကျပ်ခန့် ဈေးပိုတက်လာသည်ကိုတွေ့ရကြောင်း၊ ပခုက္ကူမြို့နယ်တွင် ဆီစက်နှင့်ဆုံအရေအတွက်မှာ (၆၀/၆၅)ဝန်းကျင်ခန့်ရှိ၍ ဆီစက်ကြီးမှာ(၆/၇)ခု ခန့်သာရှိပြီး ကျန်စက်များမှာ ဆီစက်အသေးများဖြစ်ကြောင်း၊ ကုန်သည်များတွင်လည်း လက်ကျန် အနည်းငယ်သာရှိနိုင်ကြောင်း၊စားအုန်းဆီကိုလည်း ဆီလုပ်ငန်းရှင်များမှ မဲစနစ်ဖြင့် ခွဲတမ်းရမည်ဟု သိရပါကြောင်း၊ စားအုန်းဆီကို အကြော်ဆိုင်များတွင် အများဆုံး အသုံးပြုပြီး (၆၀၀၀ မှ ၇၀၀၀)ကျပ်ထိ ရောင်းချရကြောင်း၊ ဂရိတ်ဆီစက်အနေဖြင့် ဆီပေပါများကို သန့်ရှင်းပြီး ဆေးအဝါရောင်များ စတင်သုတ်နေပြီဖြစ်ကြောင်း ကုန်အမှတ်တံဆိပ်နှင့် ပတ်သက်၍လည်း စိစစ်ခွင့်ပြုချက်ရရှိပြီးဖြစ်ကြောင်း၊ ဌာနဆိုင်ရာမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို သိရှိလိုက်နာပြီး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆီလုပ်ငန်းရှင်၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မကွေး)