Main menu

ပေါ်ဦးစ မကျည်းသီးမှည့်များဈေးကောင်းရရှိနေ

Powered by Drupal

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ ကျေးရွာများ တွင် ၂၀၂၅ခု၊ ဇန်နဝါရီ ပထမပတ်မှစတင်၍ မကျည်းသီးမှည့်များ စတင်ထွက်ရှိနေပြီ ဖြစ်ပါသည်။ မကျည်းသီးမှည့် စတင်ထွက်ရှိချိန် အထွက်နှုန်းနည်းသည့်အတွက် တစ်ကြိမ်ခူးဆွတ်ပါကတစ်တင်း၊ တစ်တင်းခွဲခန့်သာ ထွက်ရှိသေးကြောင်းသိရပါသည်။ ယခုနှစ် မကျည်းသီးမှည့်ပေါ်ချိန်တွင် အခွံပါ တစ်ပိဿာ လက်လီ(၃၅၀၀)ကျပ်၊ ဖြင့် လည်းကောင်း(အခွံမပါ) တစ်ပိဿာ လက်လီ (၅၀၀၀)ကျပ်၊ လက္ကား (၄၅၀၀)ကျပ်၊ (အစေ့မပါ)တစ်ပိဿာ လက်လီ (၉၅၀၀)ကျပ်၊ လက္ကား (၈၅၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက် ရှိပါသည်။

  •  

DOCA(ပဲခူး)