Main menu

ဘားအံမြို့ပေါ်ဈေးရှိ ကျောက်ဖရုံသီး ဈေးနှုန်းအခြေအနေ

Powered by Drupal

          ၂၀၂၅ ခုနှစ်၊ ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ဈေးတွင် ကျောက်ဖရုံသီးများ အရောင်းသွက်လျက် ရှိကြောင်း သိရသည်။ ကျောက်ဖံရုံသီးကို ဘားအံမြို့အနီး တဝိုက်ကျေးရွာများတွင် တနိုင်တပိုင်စိုက်ပျိုး ကြသည်။ ကရင်ပြည်နယ်အတွင်းသို့ အခြားဒေသမှ ကျောက်ဖရုံသီးများလည်း ဝင်ရောက်လျက်ရှိ ကြောင်းသိရသည်။ ကျောက်ဖရုံသီးကို ဟင်းချိုနှင့်ဟင်းရောဟင်းအဖြစ် စားသုံးကြသလို ကျောက်ဖရုံယို အဖြစ်လည်း ယိုထိုးစားကြပါသည်။ ကျောက်ဖရုံသီးတွင် အမျှင်ဓာတ်နှင့်ရေဓာတ် များသောကြောင့် ကျန်းမာရေးနှင့် ညီညွှတ်၍ စားသုံးသင့်သောသီးနှံဖြစ်သည်။ ကျောက်ဖရုံသီးဈေးနှုန်းမှာ  ကျောက်ဖရုံသီး အလုံးကြီး တစ်ပိဿာလျှင် (၂၀၀၀)ကျပ်၊ ကျောက်ဖရုံသီး အလုံးသေး တစ်ပိဿာလျှင် (၁၅၀၀) ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း သိရသည်။

DOCA(ကရင်)