Main menu

ပခုက္ကူမြို့ပေါ်ရှိ မြို့မဈေးနှင့် ပန်းခြံဈေးတို့တွင် ပန်းဂေါ်ဖီပွင့်များ ဈေးနှုန်းကျဆင်းလျက်ရှိ

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်ရှိ မြို့မဈေးနှင့် ပန်းခြံဈေးတို့တွင်ရောင်းချနေသော ကုန်စိမ်းသီးနှံ၊ ဟင်းသီးဟင်းရွက်ဈေးကွက်တွင် ဆောင်းရာသီထွက် ကုန်စိမ်းသီးနှံမျိုးစုံ လှိုင်လှိုင်ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ပခုက္ကူမြို့၊ မြစ်တစ်ဖက်ကမ်းရှိ ကျွန်းကျေးရွာများဖြစ်သော ကျွန်းညိုကြီးရွာ၊ ကံလှအုပ်စု၊ တင်းဂတ်၊ ကုက္ကိုလှအုပ်စုအတွင်းရှိ ကျေးရွာများနှင့် ကမ္မ၊ မြစ်ခြေနှင့် ကျောက်ပန်းတောင်း၊ ပုပ္ပါး ဒေသများမှ စိုက်ပျိုးထားရှိသော ကုန်စိမ်းသီးနှံများကိုလှိုင်လှိုင်ဆွတ်ခူးလျက်ရှိပြီး ဈေးကွက်အတွင်းသို့ ဝင်ရောက် လျက်ရှိပြီး ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလဆန်းမှစ၍ ကုန်စိမ်းသီးနှံတချို့မှာ ဈေးနှုန်းကျဆင်းပြီး အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သိရသည်။

           ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(တတိယပတ်)တွင် ကုန်စိမ်းသီးနှံများထဲမှ ပန်းဂေါ်ဖီပွင့်များလည်း ဒေသ တွင်းလှိုင်လှိုင်ပေါ်၍ ဈေးကွက်သို့ ကုန်ဝင်ရောက်မှုများပြီး ဈေးကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိ သည်။ သီးနှံအရည်အသွေးနှင့် အရွယ်အစားကိုလိုက်၍ ပန်းဂေါ်ဖီတစ်ပွင့်လျှင် ကျပ်(၅၀၀ မှ ၂၀၀၀) ဈေးအသီးသီး ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင် ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(တတိယပတ်)တွင် ပန်းဂေါ်ဖီတစ်ပွင့်လျှင် ကျပ်(၁၀၀၀ မှ ၂၅၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်၍ တစ်လအတွင်း ကျပ်(၅၀၀)ခန့် ဈေးကျဆင်းပြီး အရောင်း အဝယ်ဖြစ်ကြောင်း၊ ယခုအချိန်သည် ဒေသတွင်း စိုက်ခင်းများမှ ကုန်စိမ်းသီးနှံများ လှိုင်လှိုင်ပေါ်ချိန်ဖြစ်၍ ဈေးနှုန်းမှာကျဆင်းရခြင်းဖြစ်ကြောင်း ဈေးကွက်မှ သိရှိရပါသည်။

DOCA(မကွေး)