Main menu

ဆိပ်ဖြူမြို့၌ မိုးကြက်သွန်နီများ အရောင်းအဝယ်ဖြစ်မှုနှင့်ဈေးနှုန်းဈေးကွက်

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်သည် ကြက်သွန်နီသီးနှံကို အဓိကသီးနှံအဖြစ် နှစ်စဉ်စိုက်ပျိုးလျက်ရှိပြီး မြို့ပေါ်ရှိ ကြက်သွန်နီကုန်စည်ဒိုင်ဈေးကွက်တွင် နေ့စဉ်အ‌ရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(တတိယပတ်)တွင်  မိုးကြက်သွန်နီ(အသစ်)များ လှိုင်လှိုင် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးကွက်သို့ ကုန်ဝင်များလျက်ရှိပါသည်။ စိုက်ပျိုးမှုများသော ရွာသစ် ရပ်ကွက် ကိုးတောင့်၊ ရေလယ်ကျွန်း၊ အောက်ဆိပ်၊ ချင်တောင် ကျေးရွာများမှ အများဆုံး ဝင်ရောက်ပြီး တစ်ရက်လျှင် ကြက်သွန်နီ ပျမ်းမျှကုန်ချိန်ပိဿာ (၅)သောင်းမှ(၇)သောင်းထိ ဝင်ရောက်ပြီး တစ်ပတ် အတွင်း ပိဿာချိန်(၄)သိန်းခန့် ဈေးကွက်သို့ ဝင်ရောက်အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

         ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(တတိယပတ်)တွင် အရောင်းအဝယ်ဖြစ်သော ကြက်သွန်နီဈေးနှုန်းမှာ သီးနှံအရည်အသွေးလိုက်၍ တောဈေး(ဂျွန်)တစ်ပိဿာလျှင် အမြင့်ဈေး ကျပ် (၂၆၀၀-၂၉၀၀)၊ အလတ်ဈေး ကျပ်(၂၃၀၀-၂၆၀၀)၊ အနိမ့်ဈေး ကျပ်(၁၅၀၀-၁၇၀၀)ဈေးအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခင်(ဒုတိယပတ်)နှင့်နှိုင်းယှဉ်ပါက မိုးကြက်သွန်နီ(အသစ်) တစ်ပိဿာ လျှင် ကျပ်(၁၀၀)ခန့်ဈေးကျပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ဆိပ်ဖြူမြို့ ပတ္တမားဈေးအတွင်း အရောင်း အဝယ်ဖြစ်သော ကြက်သွန်နီတစ်ပိဿာ လက်လီဈေးနှုန်းမှာ အရည်အသွေး၊ အရွယ်အစားလိုက်၍ တစ်ပိဿာလျှင် ကျပ်(၁၅၀၀-၂၀၀၀-၄၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

          ဈေးကွက်အနေဖြင့် ဆိပ်ဖြူဒေသထွက် ကြက်သွန်နီများကို ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့ ကုန်ချိန် အများဆုံးတင်ပို့ပြီး ပြည်ပပို့ကုန်အဖြစ် မြဝတီ၊ မော်လမြိုင်မြို့များမှတစ်ဆင့် ထိုင်း၊ ဗီယက်နမ်၊ နိုင်ငံ များသို့ တင်ပို့လျက်ရှိကြောင်း၊ ဇန်နဝါရီလ(တတိယပတ်)တွင် မိုးကြက်သွန်နီ ကုန်ချိန်ပိဿာ(၄)သိန်း၊ တန်ချိန်အားဖြင့် (၆၅၄)တန်ခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း ဈေးကွက်မှ သိရှိရပါသည်။

DOCA(မကွေး)