မကွေးတိုင်းဒေကြီး၊ ပခုက္ကူကုန်စည်ဒိုင်၌ ပဲစဉ်းငုံနီ၊ ကုလားပဲအမျိုးမျိုး၊ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲဇီးကွက်၊ ပဲလွန်းပြာ ပဲယင်းဝါနှင့် နှမ်းမျိုးစုံ အရောင်းအဝယ်ဖြစ်လျက်ရှိရာ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ (တတိယပတ်)တွင် ယောပဲယင်းဝါများ စတင်ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယောပဲယင်းဝါများကို ဂန့်ဂေါခရိုင်အတွင်းရှိ ကျေးရွာများဖြစ်သော မောက်လင်း၊ မြောက်ခရမ်း၊ တောင်ခရမ်း၊ ကျွဲနမ်း၊ မြင်းစာနှင့် မောက် စသည့်ကျေးရွာများတွင် ပဲယင်းဝါများကို စီးပွားဖြစ်စိုက်ပျိုး ထုတ်လုပ်လျက်ရှိပါသည်။ ပခုက္ကူကုန်စည်ဒိုင်သည် ပခုက္ကူမြို့၏ စီးပွားရေးအချက်အချာကျသော နေရာဒေသတစ်ခုလည်းဖြစ်ပါသည်။
ပဲယင်းဝါ(ယော)များကို ကုန်စည်ဒိုင်တွင်သာမက မြို့ပေါ်ပွဲရုံများတွင်လည်း ကုန်စည်ဒိုင်ပြတ် ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(တတိယပတ်)တွင် ကုန်စည်ဒိုင်၌ အရောင်း အဝယ်ဖြစ်ခဲ့သော ပဲယင်းဝါဈေးနှုန်းမှာ တစ်တင်းလျှင် ကျပ်(၇၀၀၀၀)ဖြင့် အိတ်ရေ(၁၀၀၀)ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိ တင်ပို့မှုအနေဖြင့် အိတ်ရေ(၁၅၀၀)ကျော် ရန်ကုန်တိုင်းဒေသကြီးသို့ တင်ပို့ လျက်ရှိကြောင်း ကုန်လမ်းပို့ဆောင်ရေးနှင့် ကုန်စည်ဒိုင်မှ သိရှိရသည်။
DOCA(မကွေး)