Main menu

ပခုက္ကူမြို့မဈေးတွင် ချင်း(ဂျင်း)တက်များ ဈေးကျဆင်းပြီး အရောင်းအဝယ်ဖြစ်

Powered by Drupal

          ချင်း(ဂျင်း)သည် အိမ်ရှင်မများအတွက် မပါမဖြစ်အသုံးဝင်သော စားဖိုဆောင်သီးနှံတစ်မျိုးဖြစ် သည်။ လူအများစုက ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသားဟင်းများချက်ပြုတ်ရာတွင် အသုံးပြုခြင်း၊ ချင်းပေါက်များကို သုပ်၍စားသုံးခြင်းဖြင့် အသုံးပြုမှုများကြပါသည်။ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် သည် ချင်းထွက်ရှိမှုမရှိ၍ ရှမ်းပြည်နယ်၊ အောင်ပန်းမြို့မှထွက်ရှိသော ချင်းများမှာ ပခုက္ကူဈေးကွက်သို့ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

          ချင်း(ဂျင်း)ဈေးကွက်အနေဖြင့် ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(ပထမပတ်)မှစ၍ ချင်းဈေးနှုန်းများ ကျဆင်းခဲ့ပါသည်။ (တတိယပတ်)တွင် ချင်းတက်တစ်ပိဿာလျှင် ကျပ်(၄၀၀၀)၊ ချင်းပေါက် တစ်ပိဿာ လျှင် ကျပ်(၅၀၀၀)၊ ယခင်(ပထမပတ်)တွင် ချင်းတက်တစ်ပိဿာလျှင် ကျပ်(၅၀၀၀)၊ ချင်းပေါက် တစ်ပိဿာလျှင် ကျပ်(၆၀၀၀)ဖြစ်၍ တစ်လအတွင်း ချင်းတစ်ပိဿာလျှင် ကျပ်(၁၀၀၀)ခန့် ဈေးကျ ဆင်းပြီး အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။ ပခုက္ကူဈေးကွက်၌ ယခုဆောင်းရာသီကာလဖြစ်၍ ချင်းစားသုံးမှုများခြင်းကြောင့် အရောင်းအဝယ်သွက်ပြီး တစ်ရက်လျှင် ချင်းပိဿာ(၁၀၀)ခန့် အရောင်း အဝယ်ဖြစ်ကြောင်း ဈေးကွက်မှသိရှိရပါသည်။

DOCA(မကွေး)