မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ကြီးပင်ကန်ကျေးရွာအုပ်စုရှိ ကြီးပင်ကန်ကျေးရွာသည် စပါးနှင့်ပဲမျိုးစုံစိုက်ပျိုးလျက်ရှိရာ တောင်သူများမှ ပဲစဉ်းငုံနီစိုက်ဧက (၅)ဧကခန့်အား သီးညှပ်အဖြစ် ၂၀၂၄ခုနှစ်၊ ဇူလိုင်လတွင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။
မျိုးအနေဖြင့် ယခင်နှစ် ပဲစဉ်းငုံနီစိုက်ခင်းမှ ထွက်ရှိသည့်ပဲစေ့များကို မျိုးအဖြစ်ဖယ်ချန်၍ စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ (၁)ဧကလျှင် မျိုး(၂)ပြည်နှုန်းကုန်ကျပြီး ထွန်ကြောင်းဆွဲအစေ့ချစနစ် ဖြင့်စိုက်ပျိုးကြောင်း၊ ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာ(စတုတ္ထပတ်)တွင် စတင်ရိတ်သိမ်းကာ အထွက်နှုန်း အနေ ဖြင့် (၁)ဧကလျှင် (၇)တင်းခန့် ထွက်ရှိကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် ကျပ်(၃)သိန်းခန့် ကုန်ကျပြီး ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(ဒုတိယပတ်)တွင် ပဲစဉ်းငုံတစ်တင်းလျှင် ကျပ်(၉၁၀၀၀)ဖြင့် ရောင်းချရပြီး အကျိုးအမြတ်အနေဖြင့် ကျပ်(၃)သိန်းကျော်ရရှိကြောင်း၊ ဈေးနှုန်းဈေးကွက် အနေဖြင့် ထွက်ရှိသည့် ပဲစင်းငုံနီများကို မင်းဘူးမြို့ပေါ်ပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊ ယခု၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(စတုတ္ထပတ်)တွင် ပဲစဉ်းငုံနီ(၁)တင်းလျှင် ကျပ်(၉၆၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
DOCA(မကွေး)