စားသုံးသူရေးရာဦးစီးဌာန၊အင်္ဂပူမြို့နယ်ရုံးမှအငယ်တန်းစာရေးသည် (၁၇.၁.၂၀၂၅)ရက်နေ့ နေ့လယ် (၁၄:၃၀) နာရီအချိန်တွင် အင်္ဂပူမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ အွန်လိုင်းမှတ်ပုံတင်လက်မှတ် ရရှိသူ၏တာဝန်နှင့် စပ်လျဉ်း၍ အသိပညာပေး Talk Show အစီအစဉ်ကိုဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ အစီအစဉ်တွင် အငယ်တန်းစာရေး ဒေါ်ဝင်းမာစိုးမှ အွန်လိုင်းမှတ်ပုံတင် လျှောက်ထားရာတွင် ဦးစီးဌာနအနေဖြင့် ဆောင်ရွက်ရမည့် ကိစ္စရပ်များအား ရှင်းလင်းပြောကြား ခဲ့ပါသည်။ အဆိုပါ ကိစ္စရပ်များတွင် ဦးစီးဌာနအနေဖြင့် လျှောက်လွှာပုံစံပါ အချက်အလက်နှင့် ပူးတွဲတင်ပြသည့် အထောက်အထားများကို စိစစ်ခြင်း၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ညှိနှိုင်း၍ မြေပြင်အခြေအနေစစ်ဆေးခြင်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များရောင်းချမည့် ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုသည် ဥပဒေတစ်ရပ်ရပ်အရ တားမြစ်ထားသော သို့မဟုတ် ကန့်သတ်ထားသော သို့မဟုတ် ဥပဒေ တစ်ရပ်ရပ်နှင့် ငြိစွန်းသောကိစ္စရပ်များ၊ အများပြည်သူ၏ လုံခြုံမှုကို ထိခိုက်စေနိုင်ခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းမှု သို့မဟုတ် လုံခြုံစိတ်ချရမှုမရှိခြင်း၊ စားသုံးသူအတွက် ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်နှင့် အာမခံချက်မရှိကြောင်းယူဆနိုင်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု ဖြစ်ခြင်း၊ ဈေးကွက်အတွင်း ရောင်းချရန် သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများက ခွင့်မပြုခြင်း၊ တားမြစ်ခြင်း၊ မှတ်ပုံတင် လက်မှတ်လျှောက်ထားရာတွင် လျှောက်လွှာပုံစံ၌ အချက်အလက်များ ပြည့်စုံမှန်ကန်စွာ ဖြည့်သွင်းမှုမရှိခြင်း၊ ပူးတွဲတင်ပြရမည့် အထောက်အထားများနှင့် စပ်လျဉ်း၍ ထိမ်ချန်ခြင်း၊ လိမ်လည်၍ တင်ပြခြင်းများ တွေ့ရှိပါက ဦးစီးဌာနအနေဖြင့် မှတ်ပုံတင်လက်မှတ်ထုတ်ပေးရန် ငြင်းပယ်ကြောင်း မှတ်ပုံတင်လက်မှတ် လျှောက်ထားသူထံ အကြောင်းကြားခြင်း၊ မှတ်ပုံတင်လက်မှတ်ထုတ်ပေးရန် ငြင်းပယ်ခံရပါက လိုအပ်ချက်များပြန်လည်ပြင်ဆင်၍ ရက်ပေါင်း ၃၀ အတွင်း ဦးစီးဌာနသို့ ပြန်လည်လျှောက်ထားခွင့်ရှိကြောင်း အသိပညာပေး အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)