ထားဝယ်မြို့ အနီးဝန်ကျင်း ကျေးရွာများတွင် မရမ်းပင်များကို ခြံဝင်းအတွင်း စိုက်ပျိုး ကြပြီး မရမ်းသီးပေါ်ချိန်တွင် အပိုဝင်ငွေများရရှိပါသည်။ မရမ်းသီးကို အစိမ်းရော၊ အမှည့်ပါ စားသုံး နိုင်ပါသည်။ မရမ်းသီးအစိမ်းကို သုတ်စား၍ လည်းကောင်း၊ ထောင်းစား၍လည်းကောင်း၊ ငါးပိနှင့် ကြော်၍ လည်းကောင်း စားသုံးကြ ပါသည်။ ယခုအခါတွင် မရမ်းသီးပေါ်ချိန်ဖြစ်ရာ ထားဝယ်မြို့မ စည်ပင်သာယာစျေး၊ ကမ်းနာပျံကျစျေးနှင့် ရပ်ကွက်စျေးငယ်များတွင် မရမ်းသီးအစိမ်းကို ရောင်းချ လျက်ရှိပါသည်။ ထားဝယ်မြို့ရှိစျေးများတွင် မရမ်းသီးနို့ဆီဘူးတစ်ဘူးလျှင် (၅၀၀၀)ကျပ်မှ(၆၀၀၀) ကျပ်အထိရောင်းချလျှက်ရှိရာ ပေါ်ဦးပေါ်ဖျားဖြစ်၍ ရောင်းအားကောင်းလျက်ရှိကြောင်း စျေးသည် တစ်ဦးထံမှ သိရပါသည်။
DOCA(တနင်္သာရီ)