ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် အိမ်မဲမြို့နယ် တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည် (၂၁.၁.၂၀၂၅)ရက်နေ့ နေ့လယ်(၁၂:၀၀)နာရီအချိန်တွင် အိမ်မဲမြို့နယ် ဆီကိုယ်စားလှယ်များထံသို့ ရန်ကုန်မြို့ရှိ မြတ် Myat Ay Kam Co,Ltd မှထုတ်ယူခဲ့သော စားအုန်းဆီ (၂၅)ပေပါသည် အိမ်မဲမြို့နယ်သို့ ရောက်ရှိမှုအား သွားရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။
အဆိုပါစားအုန်းဆီများကို စားသုံးသူရေးရာဦးစီးဌာန။ မြောင်းမြခရိုင် အိမ်မဲမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများမှ သွားရောက်စစ်ဆေးခဲ့ပြီး ရောက်ရှိလာသောစားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်အပါအဝင် ၂% အမြတ်တို့ဖြင့် လက်လီဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီဆိုင်များမှ စားသုံးသူပြည်သူများသို့ ၂% အမြတ်ဖြင့် ပြန်လည်ရောင်းချ ပေးမည်ဖြစ်ကြောင်း စားအုန်းဆီခွဲတမ်းရရှိသော ကိုယ်စားလှယ်များထံမှ သိရှိရပါသည်။
DOCA(ဧရာဝတီ)