Main menu

ကန့်ဘလူမြို့မဈေးကွက်အတွင်းမှ ငရုတ်သီးစိမ်း ဈေးနှုန်း အခြေအနေ

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူမြို့တွင် ရာသီအလိုက် ပေါ်ပင်သီးနှံများကို ဖောက်သည်ယူ၍ ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိကြောင်းသိရသည်။

ပေါ်ပင်သီးနှံများထဲမှ ငရုတ်သီး မိုးထော်ငရုတ် ကျောက်စိမ်းသီးနှင့် ကုလားအော်သီး တို့ကိုရောင်းချလျက်ရှိရာ ဇန်နဝါရီလ တတိယပတ်တွင် ကန့်ဘလူမြို့မစည်ပင်သာယာဈေးအတွင်း၌ ငရုတ်သီးစိမ်း၏ ဈေးနှုန်း/ဈေးကွက်အနေဖြင့် မိုးထော်ငရုတ် (ကျောက်စိမ်းသီး) တစ်ပိဿာ လျှင် (၆၀၀၀)ကျပ်၊ ၂၅ကျပ်သားလျှင်(၁၅၀၀)ကျပ်၊ ကုလားအော် ငရုတ်သီးစိမ်း တစ်ပြည်လျှင်(၁၂၀၀၀) ကျပ် နို့ဆီတစ်ဘူးလျှင်(၁၅၀၀)ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခု ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ စတုထ္ထပတ်တွင် ကန့်ဘလူမြို့မစည်ပင်သာယာဈေးအတွင်း၌ ငရုတ်သီးစိမ်း၏ ဈေးနှုန်း/ဈေးကွက် အနေဖြင့် မိုးထော်ငရုတ် (ကျောက်စိမ်းသီး) တစ်ပိဿာ လျှင်(၄၀၀၀)ကျပ်၊ ၂၅ကျပ်သားလျှင် (၁၀၀၀)ကျပ်၊ ကုလားအော် ငရုတ်သီးစိမ်း တစ်ပြည်လျှင်(၁၂၀၀၀) ကျပ် နို့ဆီတစ်ဘူး လျှင်(၁၅၀၀)ကျပ် တို့ဖြင့် အသီးသီး ရောင်းချလျက်သောကြောင့် ယခင်အပတ် နှင့်နှိုင်းယှဉ်ကြည့် မည့်ဆိုပါက မိုးထော်ငရုတ် (ကျောက်စိမ်းသီး) ဈေးနှုန်း အနည်းငယ်ကျ ဆင်းလျက်ရှိကြောင်း  ကန့်ဘလူမြို့မစည်ပင် သာယာဈေး ကုန်စိမ်းသီးနှံအစုံ ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)