Main menu

ကန့်ဘလူမြို့နယ်အတွင်းရှိ ဂေါ်ဖီထုတ်(မုံလာထုတ်) ဈေးနှုန်း အခြေအနေ

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သည့် ကာဘိုး၊ ဇီးကုန်း၊ ထန်းကုန်း ကျေးရွာများတွင် ဂေါ်ဖီထုတ်(မုံလာထုတ်)ကို စိုက်ပျိုးကာ ကျွန်းလှမြို့ရှိ ဈေကွက်အတွင်းသို့ ရောင်းချလျက်ရှိကြောင်းသိရသည်။

ကန့်ဘလူမြို့၊ မြို့မဈေးတွင် ယခင်လက မန္တလေးမြို့ နှင့် ရှမ်းပြည်နယ်တို့မှ မှာယူရောင်းချရပြီး ယခု ဆောင်းပိုင်းကာလ  ဒီဇင်ဘာလ နှင့် ဇန်နဝါရီလများတွင် ဂေါ်ဖီထုတ်များ ဒေသတွင်းမှ လှိုင်လှိုင်ထွက်ရှိသည့်အချိန်ဖြစ်၍ ဂေါ်ဖီထုတ်(မုံလာထုတ်) တစ်ထုတ်လျှင် (၁၅၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

ဇန်နဝါရီလ တတိယပတ်တွင်  ဂေါ်ဖီထုတ် (မုံလာထုတ်) အကြီး/အသေးပေါ်မူတည်၍ တစ်ထုတ် လျှင်(၂၅၀၀/၂၈၀၀)ကျပ် ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခု ဇန်နဝါရီလ စတုထ္ထပတ်တွင်လည်း ဂေါ်ဖီထုတ် (မုံလာထုတ်) အကြီး/အသေးပေါ်မူတည်၍ တစ်ထုတ် လျှင်(၂၀၀၀/၂၅၀၀)ကျပ် ဈေးနှုန်းဖြင့်ရောင်းချလျက်ရှိပြီး ယခင် ဇန်နဝါရီလ တတိယအပတ် ဈေးနှုန်းနှင့် နှိုင်းယှဉ်ကြည့်ပါက အနည်းငယ် ကျဆင်းလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)