Main menu

ကန့်ဘလူမြို့၌ ဖြစ်ပေါ်နေသော သံပုရာသီးဈေးနှုန်း အခြေအနေ

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ် ရပ်ကွက်များနှင့် ဒေသအသီးသီးမှ လာရောက်ရောင်းချခြင်း၊ မန္တလေးမြို့တို့မှလည်း  ဖောက်သည်မှာ ယူရောင်းချခြင်းများရှိပြီး ယခုအချိန်ွင် ဒေသတွင်းမှ  ဈေးကွက်အတွင်း လှိုင်လှိုင်ပေါများကာ ဈေးနှုန်းချို သာ၍ အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်းသိရ သည်။

          ယခင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ တတိယပတ်တွင်လည်း သံပုရာသီး အလုံး အကြီး/အသေး ပေါ်မူတည်၍ သံပုရာသီး(၁)လုံးလျှင်(၅၀/၁၀၀/၁၅၀)ကျပ်ဈေးဖြင့် ‌အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခု ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ စတုထ္ထပတ်တွင်လည်း သံပုရာသီး အလုံး အကြီး/အသေး ပေါ်မူတည်၍ သံပုရာသီး (၁)လုံးလျှင်(၅၀/၁၀၀/၁၅၀)ကျပ်ဈေးဖြင့် ‌အရောင်းအဝယ် ဖြစ်လျက်ရှိသောကြောင့် ယခင် တတိယပတ် ဈေးနှုန်းနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ယခင် အပတ် အတိုင်း တည်ငြိမ်လျက်ရှိပြီး အရောင်းအဝယ် ဖြစ်နေကြောင်း ကန့်ဘလူမြို့၊ မြို့မဈေးတွင် သံပုရာသီး ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)