Main menu

ပေါ်ဦးပေါ်ဖျား တမာဖူး ဈေးကောင်းရ

Powered by Drupal

          ရွှေဘိုမြို့၊ အမှတ်(၉)ရပ်ကွက်ရှိ အောင်ဇေယျဈေးတွင် ဆိုင်ခန်းပေါင်း (၁၀၀)ကျော်နှင့် ပျံကျဈေးသည်များ၊ သစ်သီးမျိုးစုံ‌ရောင်းချသည့် ဈေးဆိုင်များ၊ ကုန်စုံဆိုင်များ၊ သားငါးဆိုင် များအပြင် အခြားမြို့သို့ တင်ပို့ရောင်းချသည့် သီးနှံလက်ကားဒိုင်များဖြင့် နေ့စဉ် နံနက် (၆)နာရီမှ နေ့လည် (၂)နာရီထိ ပိတ်ရက်မရှိ ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

          ယခု ဇန်နဝါရီလ စတုတ္ထပတ်တွင် ရွှေဘိုမြို့ ဒေသတွင်းရှိ ကျေးရွာများမှ ခူးစွတ်၍ ရသော တမာဖူးများ စတင်ပေါ်ချိန်ဖြစ်၍ လက်ကား တစ်ပိဿာလျင် (၁၈၀၀၀)ကျပ်၊ လက်လီ တစ်ပိဿာလျင် (၂၀၀၀၀)ကျပ်ဖြင့် ပေါ်ဦးပေါ်ဖျား ဈေးကောင်းရနေပြီး၊  ထိုတမာဖူးများကို ဈေးအတွင်း လက်လီ ပျံကျဈေးသည်များကို ဖောက်သည်ပေးသည့် အပြင်၊ ဆိုင်ကယ်ဖြင့် မြို့တွင်းလှည့်လည်ရောင်းချသော ဈေးသည်များ၊ ရွှေဘိုမြို့ပေါ်ရှိ ထမင်းဆိုင် များနှင့် မိုးညှင်း၊မိုးကောင်း၊မြစ်ကြီးနား၊ မိုးကုတ် စသည့်မြို့များသို့ တင်ပို့ရောင်းချ လျက်ရှိကြောင်း  အောင်ဇေယျဈေး အတွင်းရှိ သီးနှံ လက်ကားဒိုင်များမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)