
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ် ထနီဒေါင့် ကျေးရွာ၌ ဆင်မုန်လာစိုက်ပျိုးသူများရှိသဖြင့် နှစ်စဉ်စိုက်ပျိုးကြောင်း သိရသည်။ မုန်လာကို ၎င်းတို့၏ ခြံမြေတွင် စိုက်ပျိုးကြသည်။ မအူပင်ခရိုင်အနေဖြင့် ဟင်းသီးဟင်းရွက် စိုက်ဧက ၁၄၃၆၅ ဧက ဆောင်းရဦသီတွင် စိုက်ပျိုးပြီး မအူပင်မြို့နယ်အနေဖြင့် ၁၃၀၂၃ စိုက်ပျိုးပြီးဖြစ်ပြီး ၉၀၅၀ ထွက်ရှိပြီ ဖြစ်ကြောင်း မြို့နယ် စာရင်းများအရ သိရသည်။
စိုက်ပျိုးရာ ဆင်မုန်လာကို ကို ၁၀လန် ၂ခွက်တွင် စိုက်ပျိုးပြီး ဆင်မုန်လာမျိုးစေ့ တစ်ဗူးကိုငွေကျပ် ကျပ် ၈၅၀၀ နဲ့ ဝယ်ပြီး စိုက်ပျိုးရသည်။ ၁၀လန် ၂ခွက်ကို နိုဆီဗူး ၂ဗူး စိုက်ပျိုးထားကြောင်း သိရသည်။ တန်ဆောင်မုန်းလမှာ စတင်စိုက်ပြီး ပြာသိုလမှာ အသီးပေါများစွာ ရပါပြီး ထွက်ရှိမှု အနေဖြင့် စိုက်ဧကအပေါ်တွင် မုန်လာ၍ ကုန်ချိန် ၂၅၀ပိဿာခန့် ထွက်ရှိကြောင်းသိရသည်။ စိုက်ပျိုးစားရိတ် ရင်းနှီးမြုပ်နှံမှုငွေ ကျပ် ၈၀၀၀၀ကျပ်သာ ကုန်ကျကြောင်း သိရသည်။ ဈေးနှုန်း အနေဖြင့် မုန်လာဥ စတင်ပေါ်ချိန်က ၁ပိဿာကို ၁၄၀၀-၁၆၀၀ကျပ် လက်ကား ရောင်းချရပြီး၊ ယနေ့ဈေးအနေဖြင့် ၁ပိဿာ ၈၀၀ကျပ်ရောင်းချသည်။ မုန်လာဥ ၅လုံးပါ တစ်စီး ၁ပိဿာ ကိုလည်း လက်ကားဈေး ၅၀၀-၆၀၀ကျပ်ဖြင့် မုန်လာ လှိုင်လှိုင်ပေါ်လာ၍ ဈေးကျလာကြောင်း၊ အကျိုးအမြတ် ငွေကျပ် ၈၀၀၀၀-၁၀၀၀၀၀ အကျိုးအမြတ်ရရှိသည်ဟု စိုက်ပျိုးသူထံမှ ပြောပြသည်။
မအူပင်မြို့နယ်အတွင်း ကျေးရွာအုပ်စုများရှိ ကျေးရွာများတွင် ဆောင်းသီးနှံမျိုးစုံကို နှစ်စဉ်အများအပြားစိုက်ပျိုးကြပြီး ရန်ကုန်သို့ အဓိကထား တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)