Main menu

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့အတွင်းရှိ ဘူးရွက်ဈေးနှုန်း

Powered by Drupal

          ဘူးပင်များသည် မြေအမျိုးမျိုးတွင် စိုက်ပျိုးနိုင်ပြီး နုန်းမြေများတွင် ပိုမိုဖြစ်ထွန်းသည်။ ပူနွေးသော ရာသီဥတုကို ကြိုက်နှစ်သက်ပြီး အအေးဒဏ်လည်းခံနိုင်ရည်ရှိပါသည်။ မုံရွာမြို့၊ ပတ်ဝန်းကျင်ရှိကျေးရွာများမှ ပြည်သူများသည် မိမိတို့ လယ်ယာများနှင့် နေအိမ်များတွင် ဟင်းသီးဟင်းရွက်များ၊ သီးပင်စားပင်များ စိုက်ပျိုးလျက်ရှိရာ ဘူးပင်များကိုလည်း စိုက်ပျိုး ထားကြပါသည်။

          ဘူးပင်များမှ ဘူးသီးများအပြင် ဘူးညွှန့်များလည်း ခူးဆွတ်နိုင်ပါသည်။ ခူးဆွတ်ပြီး သော ဘူးညွန့်များကို ရက်ကွက်ဈေးသယ်များအပြင် မုံရွာမြို့၊ နန္ဒဝန်ဈေး၊ သံလမ်းဈေးနှင့် ကန်သာယာဈေးတို့တွင် လာရောက်ရောင်းချကြပါသည်။ ဘူးညွှန့်(၁)စည်းလျှင် (၄၀၀) ကျပ်မှ (၅၀၀)ကျပ်နှုန်းဖြင့် ရောင်းချကြရာ ပြည်သူများအတွက် တွက်ချေကိုက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)