စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ “မြို့မဈေး”သည် နေ့စဉ်ဈေးရောင်းသူများ၊ ဈေးဝယ် သူများနှင့်စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင် ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကိုလည်း ရောင်းချပေးလျက်ရှိကြောင်း သိရ သည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလစတုတ္ထပတ်အတွင်း “မြို့မဈေး”ရှိ ကုန်မျိုးစုံရောင်းချသည့်ဆိုင်များ တွင်ရောင်းချနေသည့် ဂျင်း(ချင်း)တက်ဈေးနှုန်းများမှာ လက္ကား(၁)ပိဿာလျှင် (၅၀၀၀)ကျပ်၊ လက်လီ ဈေးနှုန်းမှာ(၁)ပိဿာလျှင်(၅၅၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ယခင်ပတ်ဈေးနှုန်းနှင့်နှိုင်း ယှဉ်ပါကယခုပတ်အတွင်း ဂျင်း(ချင်း)တစ်ပိဿာလျှင် (၅၀၀)ကျပ်ကျဆင်းသွားကြောင်း၊ ဂျင်းတက် များကို ရှမ်းပြည်နယ် ၊ အောင်ပန်းမြို့မှဝယ်ယူရကြောင်း၊ ဂျင်းတက်ကို အစားအသောက်များတွင် အရသာပိုမိုကောင်းမွန်ရန်အတွက် အသုံးပြုကြသလို၊ ဂျင်းပေါက်ပြုလုပ်သည့် လုပ်ငန်းရှင်များက လည်း ဝယ်ယူကြကြောင်း ကုန်မျိုးစုံရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရသည်။
DOCA(စစ်ကိုင်း)