Main menu

ကန့်ဘလူခရိုင်၏ ကွမ်းရွက်ဈေးနှုန်း၊ဈေးကွက်အခြေအနေ

Powered by Drupal

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဖွံ့ဖြိုးတိုး တက်အောင် ဆောင်ရွက်နေသော နိုင်ငံတစ်ခုဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် တွင်လည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် ကွမ်းခြံများကို မိမိတို့ယာကွက်များ၌လည်း ကောင်း၊ နေအိမ်ခြံဝင်းများ၌လည်းကောင်း မိသားစုဝင်ငွေရရှိသည့်အတွက် စိုက်ပျိုးကြကြောင်း သိရသည်။

          ယခုလိုဆောင်းရာသီတွင် ကွမ်းရွက်များအထွက်နည်းလာကြောင်း၊ ၂၀၂၅ ခုနှစ် ၊ ဇန်နဝါရီလ စတုတ္ထပတ်တွင် ဖြစ်ပေါ်နေသော ကန့်ဘလူခရိုင်၏ ကွမ်းဈေးနှုန်းများအနေဖြင့် အရည်အသွေး ပေါ်မူတည်၍ ကွမ်းရွက်(ရှယ်)တစ်ပိဿာလျှင် ၁၈၀၀၀ မှ ၁၇၀၀၀ ကျပ် ၊ ကွမ်းရွက်(ကြီး)တစ်ပိ ဿာလျှင် ၁၀၀၀၀ ကျပ်၊ ကွမ်းရွက်(သေး)တစ်ပိဿာလျှင် ၈၀၀၀ ကျပ်ဖြင့်အရောင်း အဝယ်ဖြစ် လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့်   ကန့်ဘလူမြို့နယ်မှ ထွက်ရှိသည့် ကွမ်းရွက်များကို ကန့်ဘလူ မြို့ ၊ ကျွန်းလှမြို့နှင့် မန္တလေးမြို့များသို့ တင်ပို့ရောင်းချ လျက်ရှိကြောင်း၊ ယခင်အပတ်တွင် အရောင်း အဝယ်ဖြစ်သည့် ဈေးနှုန်းများနှင့်နှိုင်ယှဉ်ပါက ယခုလ စတုတ္ထပတ်အတွင်း ကွမ်းရွက်(ရှယ်)တစ်ပိ ဿာလျှင် ၄၀၀၀ ကျပ်၊ ကွမ်းရွက်(ကြီး)တစ်ပိဿာလျှင် ၅၀၀၀ ကျပ် ၊ ကွမ်းရွက်(သေး) တစ်ပိဿာ လျှင် ၅၀၀၀ ကျပ် ကျဆင်းသွားကြောင်း ကွမ်းရွက် ရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)