စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင် ကြောင်း၊ မြေပဲလုံးဆံနှင့် မြေပဲအတောင့်များကို မြေပဲစိုက်ပျိုးရာ၌လည်းကောင်း ၊ ဆီစက်လုပ်ငန်း ရှင်အချို့မှ မြေပဲလုံးဆံများကို မြေပဲဆီကြိတ်ကာ ကုန်ချောထုတ်လုပ်၍ ပြန်လည်ရောင်းချကြောင်း၊ မြေပဲလုံးဆံကို မြေပဲယိုပြုလုပ်ခြင်း၊ အစားအသောက်များနှင့်တွဲဖက်စားသုံးခြင်းတို့ကို ပြုလုပ် ကြကြောင်း၊ ကန့်ဘလူခရိုင်တွင် အရောင်းအဝယ်ဖြစ်နေသည့် မြေပဲလုံးဆံနှင့် မြေပဲအတောင့် များသည် ဒေသတွင်းမှလည်းထွက်ရှိကြောင်း၊ မန္တလေးမြို့နှင့်ရွှေဘိုမြို့များမှလည်း ပြန်လည်ဝင် ရောက်ကြောင်း သိရသည်။
ကန့်ဘလူခရိုင်တွင် ဇန်နဝါရီလတတိယပတ်အတွင်း မြေပဲအတောင့်(၁)တင်းလျှင် ငွေကျပ် (၃၅၀၀၀)နှင့် မြေပဲလုံးဆံ(၁)တင်းလျှင် ငွေကျပ်(၁၃၀၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ စတုတ္ထပတ်အတွင်း မြေပဲအတောင့်(၁)တင်းလျှင်(၃၅၀၀၀)ကျပ်နှင့် မြေပဲလုံးဆံ(၁)တင်းလျှင် (၁၂၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသောကြောင့် မြေပဲအတောင့် ဈေးငြိမ်ပြီး မြေပဲလုံး ဆံဈေးမှာ (၅၀၀၀)ကျပ် ကျဆင်းသွားကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။
DOCA(စစ်ကိုင်း)