စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အနေဖြင့် ဒေသတွင်း စိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေ တို့အား ရေးသားတင်ပြလျက်ရှိရာ ယခုအခါ ကန့်ဘလူမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင်ရောင်းချလျက် ရှိသည့် ထန်းလျက်များကို ရွှေဘိုမြို့လက္ကားဆိုင်များမှ ဝယ်ယူရောင်းချကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ စတုတ္ထပတ်တွင်ရောင်းချနေသော ထန်းလျက်ဈေးနှုန်းမှာ ပန်ထန်းလျက် တစ်ပိဿာလျှင် (၉၅၀၀)ကျပ်၊ ရိုးရိုးထန်းလျက် တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ နို့ထန်းလျက် တစ်ပိဿာလျှင် (၇၅၀၀)ကျပ်နှင့် စမုံထန်လျက်အသေး(၁)ပိဿာလျှင် (၇၅၀၀)ကျပ် ဖြင့် ရောင်းချကြောင်း လုပ်ငန်းရှင်ထံမှ သိရသည်။
ထန်းလျက်သည် ထန်းပင်မှထွက်ရှိသည့် တန်ဖိုးမြင့်ထုတ်ကုန်တစ်ခုဖြစ်ပြီး ထန်းလျက် ကိုအစားအသောက်များ၌ ထည့်သွင်းအသုံးပြုကြကြောင်း၊ ထန်းလျက်ကို မြေပဲယို၊ နှမ်းယို၊ ဇီးယိုစသည်တို့ပြုလုပ်ခြင်း၊ ဆေးဖော်စပ်ရာတွင်လည်း ထန်းလျက်ကိုအသုံးပြုကြသည့်အတွက် အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရသည်။
DOCA(စစ်ကိုင်း)