Main menu

ကန့်ဘလူမြို့နယ်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော နှမ်းဈေးနှုန်းအခြေအနေ

Powered by Drupal

ကန့်ဘလူခရိုင်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသ တစ်ခုဖြစ်ပြီး ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဆီထွက်သီးနှံဖြစ်သည့် နှမ်းသီးနှံကိုလည်းစိုက်ပျိုးကြကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူ ခရိုင်မှထွက်ရှိသော နှမ်းများကို မန္တလေးမြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

ယခုအခါ နှမ်းများဈေးကွက်အတွင်း ဝင်ရောက်လျက်ရှိပြီး နှမ်းဈေးနှုန်းမှာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတတိယပတ်တွင် နှမ်းနက်(စမုံ)တစ်တင်းလျှင်(၂၁၀၀၀၀)ကျပ်၊ နှမ်းဖြူ(ဂျပန်)တစ်တင်း လျှင် (၁၁၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခုလစတုတ္ထပတ်အတွင်း နှမ်းနက်(စမုံ) တစ်တင်းလျှင် (၂၁၇၀၀၀)ကျပ်၊ နှမ်းဖြူ(ဂျပန်)တစ်တင်းလျှင် (၁၁၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေသောကြောင့် ယခုပတ်အတွင်း နှမ်းနက်(စမုံ)တစ်တင်းလျှင်(၇၀၀၀)ကျပ် ပြန်လည်မြင့်တက် လာပြီး နှမ်းဖြူ(ဂျပန်)မှာ ဈေးနှုန်းတည်ငြိမ်နေကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်ထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)