Main menu

ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုခန်းမတွင် Talk Show အစီအစဉ်ဆောင်ရွက်

Powered by Drupal

              စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် (၂၁.၁.၂၀၂၅) နေ့နံနက် (၁၀၀၀)နာရီ အချိန်တွင် စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်၍ ကုန်အညွှန်းအမှတ် အသားဖော်ပြ ချက်များ အကြောင်း အသိပညာပေး Talk Show ကျင်းပပြု လုပ်ခဲ့ပါသည်။

           အသိပညာပေး ဆွေးနွေးရာတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အရေး ကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအကြောင်းမေးမြန်းရာ ညောင်တုန်းမြို့နယ် စားသုံးသူရေး ရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်က  စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ ၄၁ အရ စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ကုန်စည်၏အမှတ်တံဆိပ်၊ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင် ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံး သည့်ရက်စွဲ၊ ထုတ်လုပ်မှု အမှတ်စဉ်၊ ပြည်တွင်းသို့ တင်သွင်းလာသောကုန်စည်ဖြစ်ပါက တင်သွင်းသူ ၏ အမည်နှင့်လိပ်စာ၊ ထုတ်လုပ်သည့် လုပ်ငန်းအမည်နှင့်လိပ်စာ၊ ထုတ်လုပ်သည့်နေရာ သို့မဟုတ် ပြည်ပမှ ကုန်စည် များ တင်သွင်းပြီး ပြန်လည်ထုပ်ပိုးသည့်နေရာ၊ ကုန်စည်တွင်ပါဝင်သော ကုန်ကြမ်း ပစ္စည်း အမျိုးအမည်များနှင့် ပစ္စည်းများ၏ ပမာဏ၊ ပါဝင်မှုအချိုးအစား၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက် ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့် ကြောင်းဖော်ပြ ချက်နှင့် ကြိုတင်သတိပေးချက်၊ သက်ဆိုင် ရာ အစိုးရဌာနများက ဖော်ပြရန် သတ်မှတ်ထားသော အချက်အလက် များကို သိသာထင်ရှားစွာ ဖော်ပြရပါမည်။ ပုဒ်မ ၄၂ အရ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ကုန်စည်တွင် သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ သိပ္ပံနည်းကျ သုတေသနပြုဆောင်ရွက်ချက်နှင့် ကျန်းမာရေး ဆိုင်ရာ အာမခံချက်များ ဖော်ပြနိုင်မည်ဖြစ်ကြောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။

           စားသုံးသူကာကွယ်ရေးလုပ်ငန်း စဉ်ကိုသိရှိလို သော်လည်းကောင်း၊ စားသုံးသူအခွင့်အရေး ထိခိုက် နစ်နာပါကလည်း ဆက်သွယ်တိုင်ကြားလို လွယ်ကူသော  Telenor, Ooredoo, Mytel User ဖြစ်ပါက Consumer Call Center 1535 သို့လည်းကောင်း၊ MPT User ဖြစ်ပါက ၀၉၇၆၅၄၃ ၁၅၃၅ သို့လည်းကောင်း ဆက်သွယ်ပြီး သိရှိလိုသည်များ စုံစမ်းနိုင်ပါကြောင်း စားသုံးသူရော၊ လုပ်ငန်းရှင်အများပြည်သူ သိရှိနိုင်ရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)