ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် အလယ်ပိုင်းရပ်ကွက် ရွှေမြှင်တင် ဘုရားလမ်းတွင် စိုက်ပျိုးနေသော နဂါးမောက် ပိန်းပန်း ရောင်းစုံစိုက်ပျိုးလျက်ရှိပြီး စိုက်ပျိုးသူများ ဝင်ငွေရရှိနေကြောင်း သိရသည်။ ပန်းတနော်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူးရေး၊ သင်ဖျာလုပ်ငန်းများလုပ်ကိုင်ပြီး စီးပွားဖြစ်ထွန်းလျက်ရှိကြောင်းသိရသည်။
နဂါးမှောက် ပိန်းပန်းကို စိုက်ပျိုးရာတွင် ၂၀၂၂ခုနှစ်က အပင်၅၀၀ကို ၄၀၊ ၆၀၊ ခြံမြေကွက်တွင် စတင်စိုက်ပျိုးပြီး ယခုဆို အပင် ၇၀၀ထိ ပွားလျက်ရှိကြောင်း၊ ၂၀၂၂ခုနှစ်က ပိန်းပန်းမျိုးကို နဂါးမောက် ပိန်းပန်းအနီ ၁ပင်ကို ၂၀၀၀ကျပ်၊ ပိန်းပန်းအဖြူကို ငွေကျပ် ၅၀၀၀ဖြင့် ဝယ်ယူ စိုက်ပျိုးရ ကြောင်း၊ ယနေ့ ပန်းမျိုးဈေး ပိန်းပန်းအနီ ငွေကျပ် ၅၅၀၀၊ ပိန်းပန်းအဖြူ ငွေကျပ် ၁၀၀၀၀ ဈေးပေါက်ကြောင်း စိုက်ပျိုးသူထံမှ သိရသည်။ ပိန်းပန်းကို စတင်စိုက်ပျိုးပြီး ၁နှစ်အကြာ တွင် ပန်းများ ရောင်းတန်းဝင်ရောက်လာပြီး ၁လကို ၂ကြိမ် ခူး၍ ရရှိကြောင်း၊ ပိန်းပန်း စိုက်ပျိုးမှု ပန်းအိုး၊ နေကာ ပိတ်စိမ်းဇကာ၊ ဝါးစင်၊ လုပ်သားခ၊ မျိုး၊ သွင်းအားစု ကုန်ကျစရိတ်အနေဖြင့် ၂၀၂၂ခုနှစ်က ငွေကျပ် ၁ ၈၀၀ ၀၀၀ သိန်း ကုန်ကျခဲ့ကြောင်းသိရသည်။
နဂါးမောက် ပိန်းပန်း ဈေးနှုန်းအနေဖြင့် ၁ပွင့်ကို ၅၀၀ မှ ၁၀၀၀ ကြားရောင်းချရကြောင်း၊ တစ်နှစ်တာအတွင်း ပန်းများ ရောင်းချနေရပြီး အကျိုးအမြတ် ငွေကျပ် ၂ ၅၀၀ ၀၀၀ ရရှိပြီး ဖြစ်၍ ငွေကျပ် ၇၀၀ ၀၀၀သိန်း အကျိုးအမြတ်ရရှိပြီ ဖြစ်ကြောင်း စိုက်ပျိုးသူထံမှ သိရသည်။
ဈေးကွက်အနေဖြင့် မြို့နယ်အတွင်းသာ ရောင်းချနေပြီး အလှူ၊ မင်္ဂလာဆောင် အခမ်းအနား ၊ တရားဓမ္မရိပ်သာများမှ ပန်းအလှပြင်ဆင်ရန်အတွက် မှာယူဝယ်ယူသူများပြား ကြပြီး ဈေးကွက် ရရှိနေကြောင်း ရန်ကုန်မြို့မှ အသိမိတ်ဆွေများမှ လိုအပ်ပါက ပန်းများမှာယူဝယ်ယူကြောင်း တပိုင်တနိုင် နဂါးမောက် ပိန်းပန်းပင် စိုက်ကပျိုးရာမှ ဝင်ငွေရရှိသဖြင့် စိုက်ပျိုးသင့်သော ပန်းတစ်မျိုးဖြစ်ကြောင်း ကွင်းဆင်းလေ့လာမှုအရ သိရှိရပါသည်။
DOCA(ဧရာဝတီ)