
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် မော်ကျွန်းမြို့နယ် တာဝန်ခံဦးမင်းဇော်လတ်နှင့် ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနတို့နှင့် (၂၂.၁.၂၀၂၅)ရက်နေ့ နံနက်(၀၈:၃၀)နာရီအချိန်တွင် မော်ကျွန်းမြို့နယ် ၁၃ လမ်းရှိ စီးပွားရေးဘဏ်ရှေ့တွင် ပင်စင်စားဝန်ထမ်းများအား ဆီ၊ ဆန်၊ ကြက်ဥ ရောင်းချပေးမှုနှင့် ဆေးစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းသိရသည်။
ထိုသို့ရောင်းချရာတွင် ဌာနဆိုင်ရာများမှ ပင်စင်စားဝန်ထမ်းများအား သက်သာသောဈေးနှုန်းများဖြင့် ဆီ၊ ဆန်၊ ကြက်ဥများ ဝယ်ယူရရှိနိုင်ရေးအတွက်ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်။ ဆီတပိသာလျှင် (၈၀၀၀)ကျပ်၊ ဆန်တစ်ပြည်လျှင် (၃၅၀၀)ကျပ် နှင့် ကြက်ဥတစ်လုံးလျှင် (၃၈၀)ကျပ် ဖြင့်ရောင်းချပေး ကြောင်းသိရှိရပါသည်။ ဆက်လက်၍လည်း ပင်စင်စားဝန်ထမ်းများအား ဌာနဆိုင်ရာများမှ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)