Main menu

သဲကုန်း မြို့နယ်၏ရာသီပေါ် မန်ကျီးသီးဈေးကွက်

Powered by Drupal

            ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ၊ သဲကုန်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ ခြံဝန်း ကျယ်များတွင် အောင်မြင်ဖြစ်ထွန်းစွာ ပေါက်ရောက်လျက်ရှိသော ၊ သက်ရင့်မန်ကျဉ်းသီးပင်ကြီး များစွာ ရှိကြပါသည်။ ယခု ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ဒုတိယပတ်မှ စတင်၍ မန်ကျဉ်းသီးမှည့်များစ တင်ပေါ်ပေါက် လာပြီးဖြစ်၍ ၊ ခြံသမားနှင့် မန်ကျဉ်းသီးမှည့် ကောက်ယူပွဲစားတို့ကြား မန်ကျဉ်းသီး ဈေးကွက်အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

            မန်ကျဉ်းသီးမှည့် ဈေးကွက်တွင် (၃)မျိုး (၃)စားရှိပါသည်။ (၁) အခွံချွတ်ဈေး၊ (၂) အခွံချွတ်၊ အမျှင်ချွတ်ဈေးနှင့် (၃) အခွံချွတ်၊ အမျှင်ချွတ် ၊ အစေ့ထွက်ဈေးတို့ဖြစ်ပါသည်။ ခြံသမားအများစု သည် မိမိတို့မန်ကျည်းသီးကို အခွံချွတ်ပြီးမှသာ ပြန်လည်ရောင်းချကြ၍ အခွံချွတ်ပြီး ဈေး(၁) ပိဿာ လျှင် (၅၅၀၀)ကျပ်ရရှိကြောင်း သိရပါသည်။ မန်ကျည်းသီး(၁)တင်းလျှင် အခွံချွတ်ပြီး (၇)ပိဿာမှ (၈)ပိဿာအထိထွက်ရှိပါသည်။ အပင်တက်သူအား ဌားရမ်းခ (၁) ဦးလျှင် (၅၀၀၀)ကျပ် သို့မဟုတ် (၁)ပိဿာပေးရ၍ ခြံပိုင်ရှင်မှ (၁)တင်းလျှင် (၆)ပိဿာမှ(၇)ပိဿာအထိ အသားတင် ရရှိကြပါသည်။ မန်ကျည်းသီးပင်အကြီး(၁၀)ပင်ရှိသော ခြံသမားတစ်ဦးအဖို့ (၁)နှစ်လျှင် အနည်းဆုံးတင်း (၁၀၀)ခန့်  ထွက်ရှိ၍ ၊ ထိုခြံသမား၏ မန်ကျည်းပင်မှ ရရှိသော (၁)နှစ် ဝင်ငွေကို ခန့်မှန်းတွက်ချက်နိုင်ပေသည်။

             မန်ကျည်းသီးမှည့်အမျှင်ချွတ်၊ အစေ့ထွတ်ခြင်းများကို မြို့ပေါ်ဒိုင်ကြီးများ လက်ဝယ်သို့ ရောက်ရှိပြီးမှသာ ပြုလုပ်သည်ကများပါသည်။ ယနေ့အစေ့ထွတ် သန့်စင်ပြီး မန်ကျည်းသီးမှည့် အသစ်(၁)ပိသာလျှင် (၈၀၀၀)ကျပ်ဈေးရှိ၍ အဟောင်း(၁)ပိသာလျှင် (၁၀၀၀၀)ကျပ်ဈေး ရှိကြောင်း လေ့လာတင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)