ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (ဆေးဝါးဌာနခွဲ) နှင့် မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ တို့သည် (၂၃.၁.၂၀၂၅)ရက်နေ့ တွင် ဓနုဖြူမြို့ပေါ်ရှိ ဆေးဆိုင် (၅)ဆိုင် နှင့် အလှကုန်ဆိုင် (၇) ဆိုင် သုံးစွဲသူ ပည်သူများ ဘေးအန္တရာယ် ကင်းရှင်းစွာ အသုံးပြုနိုင်ရန်အတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြသည်။
ကွင်းဆင်းစစ်ဆေးရာ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဝင်းမင်းဦးစီးအရာရှိနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူတို့က ဂန္ဓမာဆေးဆိုင်၊ မြို့မဈေး၊ ဦးစိန်ပိုင် (၄)ရပ်ကွက် ဆေးဆိုင်၊ သမာဓိဆေးဆိုင်၊(၅)ရပ်ကွက်၊ ဦးထွန်းအောင်ဆေးဆိုင်၊ ခိုင်ဝါဆေးဆိုင် ၊(၅)ရပ်ကွက်၊ ဦးမြင့်စိုး ဆေးဆိုင်နှင့် (၃)ရပ်ကွက်မှ ဝင်းဝင်း အလှကုန်စတိုးဆိုင်၊ မြတ်သွယ်ဦး အလှကုန်ဆိုင်၊ လင်းလင်းအလှကုန်ဆိုင်၊ မြင့်မြတ်အလှကုန်စတိုး၊ (၄)ရပ်ကွက်ရှိ သော်တာလင်း အလှကုန်ဆိုင်၊ လင်းရောင်ဦး အလှကုန်ဆိုင်ဆို့တွင် တားမြစ်ဓာတုပစ္စည်းပါဝင်သော အလှကုန် ရောင်းချမှု ရှိ/မရှိကို စစ်ဆေးခြင်း၊ အလှကုန်များတွင် သက်ဆိုင်ရာဌာနများ၏ ခွင့်ပြချက် ပါဝင်မှု ရှိ/မရှိ၊ တရားမဝင်ကုန်စည်းများ ရောင်းချနေမှု ရှိ/မရှိ၊ မြန်မာစာ ကုန်အညွှန်း အမှတ်အသား ဖော်ပြပါဝင်မှု ရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး ဆေးဆိုင်များတွင်လည်း တရားမ၀င် ဆေးဝါး၊ စံမညီဆေးဝါး၊ သက်တမ်းလွန်ဆေးဝါး၊ဆေးဝါးအတုများ နှင့် ကောင်းမွန်သောဆေးဝါး ရောင်းချမှုကျင့်စဥ်(GPP)နှင့် အညီရောင်းချခြင်း ရှိ/မရှိ ဈေးနှုန်း တည်ငြိမ်မှု ရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆိုင်ရှင်များကို သက်ဆိုင်ရာဌာနဆို့၏ သတ်မှတ်ချက်၊ အမိန့်ညွှန်ကြားချက်များအတိုင်း လိုက်နာ၍ ကုန်စည်များကို ရောင်းချရန်နှင့် ရောင်းချသော ကုန်စည် တစ်ခုခုကြောင့်၊ စားသုံးသူအခွင့်အရေး နစ်နာမှုရှိလာပါက စားသုံးသူကာကွယ်ရေးဥပဒေဖြင့် သော်လည်းကောင်း၊ သတ်တမ်းလွန်ကုန်စည် ရောင်းချနေခြင်း၊ ကုန်ဈေးနှုန်းကစားခြင်းများပြုလုပ်ပါက အရေးကြီးကုန်စည်ဝန်ဆောင်မှု ဥပဒေအရသော်လည်းကောင်း၊ သက်ဆိုင်ရာဌာနများ၏ ဥပဒေအရသော်လည်းကောင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးပြောကြား စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)